Part 35

1.7K 237 13
                                    

Unicode

ဆီမီးအိမ်တို့ကို ငြှိမ်းသက်လိုက်သည့်နောက်၌ အရာရာသည် အမှောင်အတိကျရောက်သွားသည်။ သို့သော် ခဏချင်းတွင်ပင် စန္ဒာလမင်း၏အလင်းရောင်က အမှောင်ထုကို ထိုးဖောက်ဝင်ရောက်လာလေသည်။ လေပြည်လေအေးတို့က တဖြူးဖြူးတိုက်ခတ်နေသေကြောင့် မြက်ခင်းပေါ်၌ အတူတကွယှဉ်တွဲထိုင်နေကြသော မှိုင်းရဝေနှင့်စွန်ရဲလေးတို့၏ အတွေးများသည်လည်း လေတို့နှင့်အတူ တလွင့်လွင့်။

စွန်ရဲလေးဟူသောအမည်နှင့်လိုက်ဖက်လှသော​ကောင်​လေး၏စူးရှ​သည့် မျက်ဝန်းအစုံတို့ကတော့ သူ့ဘေး၌ရှိနေသော လူသားထံ၌သာ ကပ်ငြိလျက်ရှိသည်။ သူ့အားလူမှန်းမသိတတ်ခင်ကတည်းက ကာကွယ်ပြီးအသက်ရှင်ခွင့်ပေးခဲ့သောထိုလူသား။ ထို့ကြောင့် သူ၏ရှင်သန်ခြင်းအဓိပ္ပါယ်ဟာလည်း ထိုလူသားပေသာဖြစ်သည်။

"သခင်လေး...ကျွန်တော်တို့ ဘာလို့ထွက်မပြေးတာလဲ"

လရောင်ဖြာကိုငေးကြည့်နေသော မှိုင်းရဝေသည် မဲ့ပြုံးလေးတစ်ချက်ပြုံးပြီး သူ့အားကြည့်လာသည်။

"ကိုကိုတို့ ထွက်ပြေးပြီးသွားရင် ဖေဖေခေါင်းချခဲ့တဲ့ဒီအိမ်ကြီးဆီ ပြန်ရောက်မလာနိုင်မှာစိုးလို့ပေါ့"

"ဘာလို့ပြန်မလာနိုင်ရမှာလဲ။ ကျွန်တော်တို့ ပြန်လာနိုင်မှာပါ"

သူ့စကားကို မှိုင်းရဝေခေါင်းခါသည်။

"ဟင့်အင်း၊ ကိုကိုတော့မထင်ဘူး။ ဒီအိမ်ကို ကိုကိုတို့မရှိတုန်း သူတို့ဘာလုပ်မလဲဆိုတာ မသိနိုင်ဘူး။ ကိုကို သူတို့နဲ့အနီးဆုံးမှာပဲနေပြီး ဒီအိမ်ကိုအရပြန်လိုချင်တယ်။ ကိုကိုတို့မှာ တိုက်ခိုက်နိုင်တဲ့အင်အားနဲ့ အကြံအစည်ကောင်းကောင်းပဲလိုတယ်။ နောက်ပြီးအချိန်ကောင်းလည်းလိုတယ်။ ဒါကြောင့် အချိန်အခါကိုစောင့်နေတာပါ"

"ကျွန်တော်ကတော့ ကိုကို့ကိုဒီမှာမနေစေချင်တော့ဘူး။ နေ့လယ်တုန်းက အဲ့လူကြီးမူးပြီး ကိုကို့ကို တွန်းထုတ်လိုက်တုန်းကဆိုရင် ကျွန်တော် အဲ့လူကိုဓားနဲ့ပြေးထိုးပစ်လိုက်ချင်တာ။"

"အဲ့ဒီလိုလုပ်ရင် စွန်ရဲလေးကို ပုလိပ်တွေဖမ်းကြမှာပေါ့။ ကိုကို့ကို စိတ်ပူရအောင်မလုပ်ပါနဲ့ကွာ။ မင်းကခုထိ ကလေးပဲရှိသေးတယ်"

နတ်ဆိုးတစ်ကောင်နှင့်အတူမွေးဖွားခြင်း/နတ်ဆိုးတစ်ကောင်နှင့်အတူမွေးဖွားခြင်းWhere stories live. Discover now