Part 8: ဖြတ်သွားခြင်း

616 76 0
                                    

Part 8: ဖြတ်သွားခြင်း

Unicode Ver

ဝေဝေ ဆေးဖက်ဝင်အပင်တွေ စုဆောင်းသည့်နယ်မြေကို ပြန်ရောက်သွားသည့်နောက်မှာတော့ သူမလည်း ထိုရှောင်ယွီကလန်သား သုံးယောက်ကို မြန်မြန်ပဲ မေ့ထားလိုက်တော့သည်။ သို့သော်လည်း သူမ သိချင်နေတာ တစ်ခုရှိနေလေသည်။ အဲ့ဒါကြောင့် သူမလည်း နိုင့်ဟော်ကို မေးလိုက်တော့သည်: " သူ မရပ်မနားquest လုပ်နေတာကို ရှင် ဘယ်လိုလုပ်သိလဲ "

" ကိုယ် နေ့လည်က အွန်လိုင်းပေါ်တက်လာတဲ့ချိန်မှာ သူ worldချန်နယ်မှာ ပို့စ်တင်ပြီး ငှက်မွှေး၇မျိုးကို မေးနေတာ ကိုယ် တွေ့ခဲ့တယ် "

နိုင့်ဟော်က ဝေဝေ နားလည်အောင် ထပ်ရှင်းပြခဲ့သည်။ ဆိုးယုတ်သွေးကျိန်ဆဲခြင်းက questထဲရှိ အဆင့်များကို ကျော်ဖြတ်ဖို့ ငှက်မွှေး၇မျိုးကို worldချန်နယ်ပေါ်တွင် ပို့စ်တင် မေးနေသည်ကို နိုင့်ဟော် တွေ့ခဲ့သောကြောင့် ဆိုးယုတ်သွေးကျိန်ဆဲခြင်း မရပ်မနားquestလုပ်နေသည်ကို နိုင့်ဟော် သိသွားခဲ့သည်။

ဝေဝေ နည်းနည်းတော့ နားမလည်ပေ; ငှက်မွှေး၇မျိုးကို ရှာတာက ဘယ်လိုလုပ် မရပ်မနားquest လုပ်နေတယ်လို့ ပြောနိုင်တာလဲ

" အဲ့မှာက ငှက်မွှေး စုဆောင်းဖို့လိုအပ်တဲ့ questတော်တော်များများ ရှိတယ် "

နိုင့်ဟော်: " အင်း, ဒါပေမယ့် questတစ်ခုစီအတွက် NPCတွေကတော့ မတူဘူး... ငှက်မွှေး စုဆောင်းရတာက အဆင့်၃၆မှာ ဖြစ်တယ်... ကိုယ် အဆင့်၃၆က NPCဆီ သွားပြီး သိပ်မကြာခင်မှာပဲ သူ ရောက်လာခဲ့တယ် "

[ NPC_ Non-player character ]

သူမအနေနှင့် သူ့အား လေးစားသည့်အပြင် အခြားအတွေးများ မရှိတော့ပေ။ သူ...သူ...သူက တကယ်ကြီးကို အဆင့်တွေကို မှတ်မိနေတယ်။ ပြီးတော့ ကွဲပြားတဲ့အဆင့်က NPCတွေကိုလည်း သူ တကယ်ကြီး မှတ်မိနေတယ်။ သူ့မှတ်ဥာဏ်က မယုံနိုင်လောက်အောင် ကောင်းလွန်းတယ်။ အင်္ဂလိပ်အက္ခရာ "p" နှင့် စသည့် အင်္ဂလိပ်ဝေါဟာရများကို သူမ ပြန်စဥ်းစားလိုက်သည့်အခါ သူမကတော့ အခုထိ upကိုသာ စဥ်းစားမိသေးသည်ကို သူမ သိသောကြောင့် စိတ်ထဲတွင် ငိုနေတော့သည်; သူမလည်း သူ့ကို ခါးသီးစွာပင် ချီးကျူးလိုက်တော့သည်: " ရှင့်မှတ်ဥာဏ်က အရမ်းကောင်းလွန်းတယ် "

အပြုံးဖျော့ဖျော့လေးက သိပ်နှစ်လိုဖွယ်ကောင်းတယ်(မြန်မာဘာသာပြန်)Where stories live. Discover now