Part 15: မြစ်တွေကန်တွေထဲမှာ ကျွန်မတို့ ထပ်တွေ့မယ့်အချိန်ထိ

440 69 4
                                    


Part 15: မြစ်တွေကန်တွေထဲမှာ ကျွန်မတို့ ထပ်တွေ့မယ့်အချိန်ထိ

Unicode Ver

ယွီကုန်းနဲ့ ဟော်ကျီကျို့လား။ သူတို့ ဘော့စ်သတ်ဖို့ သွားခဲ့တာ ဟုတ်ပါပြီ။ ဒါပေမယ့် တခြားလူရဲ့ဘော့စ်ကို ဘာကြောင့်လုယူနိုင်ရတာလဲ။ သူမက ဒီလိုကိစ္စတွေနဲ့ပတ်သက်ပြီး သူတို့ကို ယုံကြည်နေဆဲဖြစ်သည်။ ဒါက နားလည်မှုလွဲတာ ဖြစ်နိုင်ပေသည်။

ဒါနှင့်ပတ်သက်ပြီး စိတ်ထဲတွင် နားလည်မှုလွဲသည်ကို ဖြေရှင်းရန် တွေးနေရင်း ဝေဝေ တည်ငြိမ်စွာ ပြောလိုက်သည်: “ ဖြစ်ခဲ့တာတွေကို ပိုပြီးအသေးစိတ် ပြောပြပေးနိုင်မလား ”

ကျန်ထျန်းရှ(လောကကို တိုက်ခိုက်မယ်): “ လုဝေ မင်း ငါ့ကို ဖြေရှင်းချက် မပေးသင့်ဘူးလား...နောက်ဆုံးတော့လည်း မင်းက ငါတို့အစည်းအရုံးရဲ့တစ်စိတ်တစ်ပိုင်းပဲလေ...မင်းရဲ့အသင်းက အစည်းအရုံးဝင်တစ်ယောက်ရဲ့ဘော့စ်ကို ခိုးနေတာကို မရှင်းပြနိုင်ဘူး...ပြီးတော့ ဘော့စ်ဆီက ရတဲ့အိုင်တမ်တွေက အစည်းအရုံးဝင်တွေ အရေးတကြီးလိုအပ်တဲ့အရာတွေပဲ...ဒါကို ဖြေရှင်းဖို့ မင်းဆီ အပ်ထားလိုက်ပြီ ”

တစ်ဖက်သူက သူမကို ထပ်တလဲလဲ ပြစ်တင်ဝေဖန်နေကာ အချိန်အတော်ကြာသွားတာတောင် မဖြေရှင်းနိုင်သေးပေ။ ဝေဝေလည်း သူ့အား ထပ်မေးရမည်ကို သဘောမကျသောကြောင့် သူမ ပြောလိုက်တော့သည်: “ အဲ့ဒါ ဘယ်အစည်းအရုံးဝင်ရဲ့အသင်းလဲ...ကျွန်မကို နာမည်ပြောပြ၊ ပြီးရင် ကျွန်မ ယွီကုန်းကို သွားမေးလိုက်မယ် ”

ခဏကြာပြီးနောက်မှာတော့ ကျန်ထျန်းရှက စကားလုံးလေးလုံးနဲ့ ပြန်ဖြေလိုက်သည်: “ ရှောင်ယွီ ချင်းချင်း

ဝေဝေ: “ ...... ”

အလွန်အမင်းစိတ်ပျက်ခြင်းသည်ပင် ဝေဝေ၏လက်ရှိခံစားချက်ကို ဖော်ပြရန် မနီးစပ်ပေ။ သူမ၏friends listထဲရှိ အွန်လိုင်းဖြစ်နေသည့် လေ့ရှန်း နီနီအား သူမ ကြည့်လိုက်ပြီး သူမဆီသို့ စာတစ်စောင် ပို့လိုက်သည်: “ ရှောင်ယွီ ချင်းချင်းက ငါတို့အစည်းအရုံးကို ဘယ်ချိန်ကဝင်ခဲ့တာလဲ ”

အပြုံးဖျော့ဖျော့လေးက သိပ်နှစ်လိုဖွယ်ကောင်းတယ်(မြန်မာဘာသာပြန်)Where stories live. Discover now