Part 19: သဘောပေါက်သွားခြင်း

468 69 0
                                    

Part 19: သဘောပေါက်သွားခြင်း

Unicode Ver

တာရှန်းက မည်သည့်အခါမျှ နောက်ကျလေ့မရှိသောကြောင့် ဝေဝေ မစိုးရိမ်ပေ။ သို့သော် မိနစ်အနည်းငယ် နောက်ကျခြင်းသည်လည်း သူ့အတွက် သာမန်သာဖြစ်သည်။ နာရီက ဆက်သွားနေကာ ည ၇:၄၅ကို ရောက်သည့်အချိန်တွင် ဝေဝေ စတင်စိုးရိမ်နေပြီဖြစ်သည်။ နိုင့်ဟော် အွန်လိုင်းဖြစ်မနေသည်ကို ဝေဝေ သိသော်လည်း သူ့အား မက်ဆေ့ချ်မပို့ဘဲ မနေနိုင်ပေ——

“ ရှင် ရှိလား ”

သဘာဝကျစွာပဲ သူမ ပြန်စာမရပေ။

နှစ်မိနစ်ကြာပြီးနောက် သူမ နောက်တစ်စောင် ထပ်ပို့လိုက်သည်။ ခဏအကြာတွင် သူမ မက်ဆေ့ချ်ပို့ခြင်းအား ရပ်တန့်လိုက်ကာ ထို့အစား နိုင့်ဟော်၏အမည်ကို မရပ်မနား refreshလုပ်တော့သည်။ ကစားသမားသည် အွန်လိုင်းဖြစ်မနေပါဟု systemက သူမကို ထပ်ခါထပ်ခါ သတိပေးနေသောကြောင့် သူ့ပရိုဖိုင်ကို သူမ refreshမလုပ်နိုင်တော့ပေ။

ယွီကုန်းဟော်ကျီကျို့နဲ့ တခြားသူတွေကလည်း မီးခိုးရောင်ဖြစ်နေသည်။

အွန်လိုင်း ဖြစ်မနေပေ။

ည ၇:၅၀

ဝင်ပေါက်က NPCရှေ့သို့ သူမကိုယ်တိုင် ရောက်လာသည်။ အသင်းဖွဲ့စည်းပုံသင်္ကေတက သူမ၏အဗာတာထိပ်တွင် ရှိနေလေသည်။ သို့သော်လည်း သူမက အသင်းထဲတွင် ရှိနေသည့် တစ်ဦးတည်းသောသူဖြစ်သည်။

ကစားသမားများက NPCအနားတွင် စတင်စုရုံးနေကြပြီဖြစ်သည်။ ထိပ်တန်းစုံတွဲများ၏ရှုံးသည့် ပွဲစဥ်များနှင့် ဗိုလ်လုပွဲစဥ်များကို ပရိတ်သတ်များ ကြည့်ရှုရန် ဖွင့်ပေးထားသည်။ အပြင်တွင် ရပ်နေသည့် ထိုလူများသည် အထဲသို့ သွားရန် လက်မှတ် ဝယ်ဖို့ အားလုံး စောင့်ဆိုင်းနေကြသည်။

သို့သော်လည်း လုဝေ ဝေဝေ တစ်ယောက်တည်း အဘယ်ကြောင့် ထိုနေရာတွင် ရပ်နေသည်ကို သိချင်ကြသည်။ ထို့ကြောင့် သူမရှေ့တွင် စတင်ဆွေးနွေးနေကြသည်။

[Local][ဆလပ်ရွက်ကို ဝါးနေတဲ့ ပိုးကောင်]: “ လုဝေ ဝေဝေပဲ၊ သူမ ဒီမှာ ဘာလို့ရှိနေတာလဲ...ရီရှောင်း နိုင့်ဟော်က ဘယ်မှာလဲ ”

အပြုံးဖျော့ဖျော့လေးက သိပ်နှစ်လိုဖွယ်ကောင်းတယ်(မြန်မာဘာသာပြန်)Where stories live. Discover now