Part 24: ဘက်စကက်ဘော နှုတ်ဆက်ပြိုင်ပွဲ

706 99 7
                                    

Part 24: ဘက်စကက်ဘော နှုတ်ဆက်ပြိုင်ပွဲ

Unicode Ver

ဝေဝေ ဒီလိုပြောသည်မှာ သူမ၏စိတ်ခံစားချက် မြင့်တက်နေသောကြောင့် ဟာသပြောဖို့ မအောင့်အည်းနိုင်သောကြောင့်ဖြစ်သည်။ သို့သော်လည်း သူတို့ သူမကို ယုံကြည်လိမ့်မည်တော့ မမျှော်လင့်ထားပေ။ အားရှီက ဒီလိုပြောလာလိမ့်မယ်လို့ ဘယ်သူသိမှာလဲ — သူမကို အနည်းငယ် အံ့သြသွားစေသည်။

“ လူတိုင်း သိတယ်? နင် ဘာကိုဆိုလိုတာလဲ ”

အားရှီက ပြောသည် “ ကျောင်းရဲ့ဖိုရမ်တွေပေါ်မှာ ကျောင်းက လူသိများတဲ့ စင်ဂယ်တွေကို လိုက်တွဲကြည့်တဲ့ လူကြိုက်များတဲ့ အတင်းအဖျင်းတချို့ ရှိတယ်...နင်နဲ့ ရှောင်းနိုင်က မလိုက်ဖက်ဆုံးဆိုတာ လူတိုင်း သိတယ် ”

ဝေဝေသည် ထိုအရာကြောင့် အနည်းငယ် အလိုမကျဖြစ်ကာ ဒေါသတကြီး ပြောလိုက်သည် “ ဒီလိုအတင်းအဖျင်းတွေတောင် ရှိသေးတယ်...ငါတို့ကျောင်းက လူတွေက တကယ်ထုံထိုင်းတာပဲ ”

သူမ ပြောနေသည်ကို ဘယ်သူမှမတုန့်ပြန်သည့်အတွက် ဤအကြောင်းအရာသည် ရပ်တန့်သွားတော့သည်။ အတော်လေးကြာပြီးနောက် အားရှီနှင့် ရှောင်လင်းတို့သည် အခြားအကြောင်းအရာတစ်ခုကို ပြောနေကြပြီဖြစ်သည်။ ဝေဝေက စကားဝိုင်းကို သူမဆီသို့ ထပ်ဆွဲယူလိုက်သည် “ ငါတို့က ဘယ်လိုမျိုးမလိုက်ဖက်တာလဲ ”

ဝေဝေ ဒီနေ့ နည်းနည်းထူးဆန်းနေသည်ဟု အားရှီ တွေးလိုက်သည်။ သူမက ဘာလို့ဒီမေးခွန်းကိုပဲ အရမ်းမေးနေရတာလဲ။ သို့သော်လည်း သူမက ထိုအကြောင်း ထပ်မစဉ်းစားတော့ဘဲ ရိုးရိုးတန်းတန်း ပြောလိုက်သည် “ ဖိုရမ်ပေါ်က တစ်ယောက်က ဒီလိုပြောခဲ့တယ်၊ တစ်ယောက်က အသွင်အပြင်၊ တစ်ယောက်က ကျွမ်းကျင်ပညာရှင်လို့ ပြောခဲ့တယ်...အာ၊ သူတို့ ပြောတာတွေကို စဉ်းစားလိုက်ဦးမယ် — အဲ့ဒါက အတော်လေးကောင်းတယ် ”

ထိုအရာကို မှတ်ဥာဏ် ပြန်ခေါ်ရင်း သူမက ပြန်ပြောပြသည် “ ဒါက ဒီလိုမျိုးဖြစ််မယ်၊ တစ်ယောက်က မင်ပန်းချီကားလို ရိုးရှင်းပြီး ကြော့ရှင်းတယ်၊ နောက်တစ်ယောက်က ဆီပန်းချီကားလို အရောင်ကြွယ်တယ်...တစ်ယောက်က ကောင်းကင်ဘုံက မသေမျိုးတစ်ယောက်ဆို နောက်တစ်ယောက်က ကမ္ဘာပေါ်က တန်ဖိုးကြီးပြီး အဖိုးတန်တဲ့ ပန်းတစ်ပွင့်ပဲ...ဟဲ့၊ နင့်မျက်နှာအမူအယာက ဘာဖြစ်တာလဲ ”

အပြုံးဖျော့ဖျော့လေးက သိပ်နှစ်လိုဖွယ်ကောင်းတယ်(မြန်မာဘာသာပြန်)Where stories live. Discover now