Part 31: စီနီယာအလှလေး

491 64 3
                                    

Part 31: စီနီယာအလှလေး

Unicode Ver

[System Bot]: " လေ့ရှန်း နီနီရီရှောင်း နိုင့်ဟော် လုဝေ ဝေဝေကျင်းရွှေ ဝူရှောင်နှင့် ရှောင်ယွီ ယောင်ယောင်တို့သည် မကောင်းဆိုးဝါးများကို သတ်ဖြတ်ကာ နတ်ဆိုးများကို ဖယ်ရှားခြင်းဖြင့် အားနည်းသူများကို ကူညီပြီး အားကြီးသူများကို ဖယ်ရှားပစ်ခဲ့သည်။ သူတို့က မရဏလောကနတ်ဆိုးမအား အနိုင်ယူကာ လူတွေကို ကယ်တင်ခဲ့သည်။ သူတို့ရဲ့စွမ်းရည်များသည် ပြိုင်ဘက်ကင်းသောကြောင့် လောကကြီးကို အံ့အားသင့်စေခဲ့သည်။ "

[World]:

[ခေါင်းဆောင်မော့]: " ငါ မှားဖတ်မိတာလား "

[အက်စ်စီပန်ဒါ]: " အိုး မိုင် ဂေါ့၊ systemမှာ bugရှိနေတာပဲ "

[မင်းမင်း... (အေးအေးဆေးဆေး)]: " ငါ ကစားတာကြာလှပြီ၊ ဂိမ်းက နာမည်တူတွေ ထပ်နေတာမျိုးကို ခွင့်ပြုတယ်ဆိုတာ အခုမှ သိတယ် "

[အတွင်းခံမဝတ်တာက အရမ်းကိုလန်းဆန်းတယ်]: " Holy! ဒီလူအိုကြီးက အတွင်းခံတွေ လျှော်ဖို့လေးပဲ သွားတာပါ၊ အခုပြန်လာတော့ လိုက်မမီနိုင်တော့ဘူး "

[အက်စ်စီပန်ဒါ]: " အံ့သြစရာပဲ! လန်းဆန်းတဲ့အစ်ကို၊ ခင်ဗျားမှာ တကယ်ကြီး အတွင်းခံရှိတာလား "

[အတွင်းခံမဝတ်တာက အရမ်းကိုလန်းဆန်းတယ်]: " ...... "

[ပြိုင်ဘက်ကင်း ငတုံးဓား]: " ဟန်နီ (ဇနီး)၊ ကိုယ်တို့ ပြန်ပေါင်းထုပ်ကြရအောင်၊ ဒီလူတွေတောင် အခု ဘော့စ်တစ်ကောင်ကို အတူတိုက်နေကြပြီ။ ကိုယ်တို့ ပြန်ပေါင်းမထုပ်စရာ အကြောင်းမရှိဘူးလေ။ ပြန်ပေါင်းထုပ်ကြရအောင်၊ ပြန်ပေါင်းထုပ်ကြရအောင်၊ ဟန်နီ (ဇနီး) ကိုယ် မင်းကို ချစ်တယ် "

[အရှေ့တောင်ပိုင်းက သစ်ကိုင်းပေါ်မှာ (အရှေ့တောင်ပိုင်းရှိ သစ်ကိုင်းပေါ်မှာ ကိုယ့််ကိုယ်ကို ချိတ်ဆွဲထား)]: " မင်းတို့နှစ်ယောက်...ပရောပရည်လုပ်ဖို့ ကျေးဇူးပြုပြီး သီးသန့်အခန်း ယူလိုက်ကြပါ...အဲ့ဒါဆို ကြည့်နေတဲ့သူတွေ ရှက်စရာမလိုတော့ဘူးလေ "

အပြုံးဖျော့ဖျော့လေးက သိပ်နှစ်လိုဖွယ်ကောင်းတယ်(မြန်မာဘာသာပြန်)Where stories live. Discover now