Part 18: ဗိုလ်လုပွဲ

468 69 0
                                    

Part 18: ဗိုလ်လုပွဲ

Unicode Ver

တီမုံ ဝေရှင်းက ဝေဝေကို နှုတ်ဆက်သည်: “ ဝေဝေ

ဝေဝေ: “ တီမုံ ဝေရှင်း၊ နင်လည်း ပြိုင်မှာလား ”

တီမုံ ဝေရှင်း: “ ဟုတ်တယ်၊ ငါ သေချာပေါက် ဒီလိုပြိုင်ပွဲကြီးမှာ ပါဝင်ရမှာပေါ့ ”

နှစ်ယောက် ခဏလောက် စကားပြောကြသည်။ ဝေဝေနှင့် ကျန်ထျန်းရှသည် အဆင်မပြေသော်လည်း သူမနှင့် တီမုံ ဝေရှင်း၏ခင်မင်ရင်းနှီးမှုကို အနှောင့်အယှက်ဖြစ်ခွင့်ပြုမည်မဟုတ်ပေ။ တီမုံ ဝေရှင်းသည်လည်း ထိုကဲ့သို့သဘောထားရှိပုံရသည်။

သူတို့က မည်သို့ပင်ဖြစ်စေ ပြိုင်ပွဲအတွင်း ရှိနေသောကြောင့် သူတို့ ကြာကြာ စကားမပြောလိုက်ရပေ။ တိုက်ပွဲသည် ၃ မိနစ် စောင့်ဆိုင်းပြီးနောက် စတင်လေသည်။

တီမုံ ဝေရှင်းသည် PK တိုက်ပွဲများကို ကျွမ်းကျင်သူတစ်ယောက် မဟုတ်ပေ။ ထို့ကြောင့် သူမက leaderboardပေါ်တွင် ရှိမနေခြင်းဖြစ်သည်။ သူမ၏ကျွမ်းကျင်မှုသည် ဝေဝေထက် မြင့်သော်လည်း သူမက ခဏလောက် မကစားခဲ့သောကြောင့် ဝေဝေက သူမ၏ကိရိယာများအားလုံးကို အဆင့်မြှင့်ကာ သူမအား အမီလိုက်နိုင်သွားသည်။ ထို့ကြောင့် သူတို့၏ကျွမ်းကျင်မှုlvlသည် တန်းတူဖြစ်သွားသည်။

ရလဒ်အနေဖြင့် ရီရှောင်း နိုင့်ဟော်နှင့် ကျန်ထျန်းရှတို့ မည်သည့်ဘက်က အနိုင်ရမည်ကို ဆုံးဖြတ်ရမည်ဖြစ်သည်။

ဒီအချီ၏အနိုင်ရစုံတွဲသည် သိသာလွန်းသည်။

PK တိုက်ပွဲပြီးသည့်နောက် တီမုံ ဝေရှင်းက privateမက်ဆေ့ချ်တစ်ခု ပို့လိုက်သည်: “ ဝေဝေ၊ စကားပြောဖို့ နေရာတစ်ခု ရှာကြရအောင် ”

ဝေဝေက ပြုံးကာ ခေါင်းညိတ်သည့် ပုံလေးတစ်ခု ပို့လိုက်သည်။

ဒီနေ့အတွက် အမှတ်စုဆောင်းခြင်းတိုက်ပွဲအချီများ ပြီးသွားပြီဖြစ်သည်။ ဝေဝေနှင့် တီမုံ ဝေရှင်းတို့သည် စကားပြောရန် တိတ်ဆိတ်သည့်နေရာကို ရှာကြသည်။

အပြုံးဖျော့ဖျော့လေးက သိပ်နှစ်လိုဖွယ်ကောင်းတယ်(မြန်မာဘာသာပြန်)Where stories live. Discover now