Part 13: သူက ကိုယ် မဟုတ်ဘူး

516 74 0
                                    

Part 13: သူက ကိုယ် မဟုတ်ဘူး

ဗီဒီယိုပလေယာက ဗွီဒီယိုကို ထပ်ခါထပ်ခါ ဖွင့်ရန် ချိန်ထားလေသည်။ ထို့ကြောင့် ဝေဝေ မှင်တက်မိနေတုန်းမှာပင် ဗီဒီယိုပလေယာက ၎င်းကို ထပ်ဖွင့်နေပြီဖြစ်သည်။ မြူးကြွတဲ့ပုလွေသံတေးသွားက စတင်လာပြီး စခရင်ပေါ်က တောက်ပတဲ့ အနီရောင်သူရဲကောင်းမလေးက ကြီးကျယ်ခမ်းနားပြီး ပြိုင်ဘက်ကင်းသည့် သူမရဲ့မြင်းဖြင့် တောင်ပေါ်တွင် ပြေးလွှားနေသည်။

ဝေဝေ က ချက်ချင်းပဲ ပိတ်လိုက်သည်။ အခု သူမက အဆုံးကို သိနေသောကြောင့် အစပိုင်း ပုံကြီးချဲ့နေသည်ကို ကြည့်ရန်မှာ အနည်းငယ် စိတ်ပျက်စရာကောင်းလေသည်။ သူမတွင် နောက်တစ်ခေါက် ထပ်ကြည့်လိုစိတ်မရှိပေ။

ဝေဝေက ဂိမ်းကို ချုံ့ဖွင့်ပြီး နိုင့်ဟော်ကို စာပို့လိုက်သည်: " ကျွန်မ ကြည့်ပြီးပြီ...ဒါက တကယ် ကောင်းတယ် "

သူမ ထိုစကားလုံးများကို ပေါ့ပျက်ပျက် ရိုက်ပြီးနောက်မှာတော့ ဝေဝေတွင် ဘာမှပြောစရာမရှိပေ။ တကယ်တော့ သူမရဲ့စိတ်ထဲတွင် အတွေးများနှင့် သိသိသာသာကို ပြည့်နှက်နေသည်။ သို့သော်လည်း သူမ မည်ကဲ့သို့ဖော်ပြရမည်ကိုမသိပေ။ သူမ မျက်ရည်ကျလုနီးပါးလို့ သူမ တကယ်ပြောလို့ရမလား။

ဒါက တော်တော်စဥ်းစားဥာဏ်မရှိတာပဲ၊ သက်ပြင်းချသံ= =

ပြောစရာ ရှာနေတုန်းမှာပဲ သူမက " ရှင် အဆုံးသတ်ကိုပြောင်းလိုက်တာလား " ဟု မေးလိုက်သည်။

သူမ စာပို့လိုက်တဲ့အချိန်မှာပဲ နိုင့်ဟော်ရဲ့နာမည်က လျင်မြန်စွာ လင်းလာခဲ့ပြီး သူ့ပြန်စာ ပြန်လာခဲ့သည်။ " အင်း ကိုယ် ပြောင်းလိုက်တာ...ဒီလိုမှမဟုတ်ရင် အရှည်က မလုံလောက်လို့ "

" ရှင် ပြန်လာပြီပဲ ^ _ ^ ~~ အရှည်လား။ ဘာအရှည်လဲ "

ဝေဝေ ကတော့ နည်းနည်းရှုပ်ထွေးနေသည်။ သူက ဗီဒီယိုရဲ့အရှည်အကြောင်း ပြောနေတာလား။ ဒါပေမယ့် သူမ မှတ်မိတာအရဆို အရှည်လိုအပ်ချက် မရှိပါဘူး။

နိုင့်ဟော်: " ပြိုင်ပွဲအတွက် အသေးစိတ်စည်းမျဉ်းစည်းကမ်းတွေမှာ ဗီဒီယိုရဲ့အရှည်က နာရီဝက်ကျော်သွားခဲ့ရင် အနိုင်ရခဲ့တဲ့အခါ အတွေ့အကြုံနဲ့အခြားဆုတွေက များလိမ့်မယ်လို့ ပြောထားတယ် "

အပြုံးဖျော့ဖျော့လေးက သိပ်နှစ်လိုဖွယ်ကောင်းတယ်(မြန်မာဘာသာပြန်)Where stories live. Discover now