Part 35: ခန်းဝင်ပစ္စည်း ပြုလုပ်ပေးခြင်း

609 66 2
                                    

Part 35: ခန်းဝင်ပစ္စည်း ပြုလုပ်ပေးခြင်း

Unicode Ver

နောက်ဆုံးအတင်းအဖျင်းသတင်းနှစ်ခုပြီးနောက် ဖိုရမ်ပေါ်တွင် ရေပန်းစားနေသည့် ကောလဟာလအပေါ် လူတိုင်း၏စေ့စေ့စပ်စပ် စိစစ်မှုမှာ တဖြည်းဖြည်း လျော့နည်းသွားတော့သည်။

ပထမအတင်းအဖျင်းသတင်း

တစ်နေ့တွင် ကျောင်းသားတစ်ယောက်က အဆောင်အောက်ရှိ ကောလဟာလထွက်နေသည့် ဇာတ်လိုက်ဆီ ပြေးသွားပြီး အလွန်စိတ်လှုပ်ရှားနေသည့် ထိုကျောင်းသားက သူ့အသက်ကို စွန့်စားရင်း ထိုကိစ္စ၏အကြောင်းအရင်းမှန်ကို ထုတ်ဖော်စူးစမ်းကြည့်လေသည် “ ဖိုရမ်ပေါ်က အကြောင်းအရာနဲ့ပတ်သက်ပြီး မင်း ဘယ်လိုထင်လဲ ”

ရှောင်းနိုင်က ထိုသူ့အား တစ်ချက်ကြည့်လိုက်ပြီး “ မရှိတာထက်စာရင် ရှိတာက ပိုကောင်းတယ် ” ဆိုပြီး ပြန်ပြောခဲ့သည်ဟု ပြောကြသည်။

သင် ထိုစကားများကို ပထမဆုံးကြားရချိန်တွင် ထိုစကားသည် ဘာမှမဟုတ်ဟု ထင်ရသော်လည်း သေသေချာချာ တွေးကြည့်ပါက ထိုစကားမှာ လက်ဖျားခါလောက်အောင် ရက်စက်လေသည်။ လက်ဖျားခါလောက်အောင်ပင် သူသည် သူနှင့် ပေဝေဝေတို့အကြောင်း ကောလဟာလများကို အလွယ်တကူ ရှင်းလင်းလိုက်သည်။ အထူးသဖြင့် မိန်းကလေးတစ်ဦးအတွက် ရက်စက်သည်ကတော့ ထပ်ပြောစရာကို မလိုချေ။ ထိုအကြောင်း ပိုတွေးလေလေ ပိုရက်စက်လေလေပင်။ အိုး ရက်စက်လိုက်တာ…

ထို့ကြောင့် လူတိုင်း၏အာရုံသည် " မရှိသည့် " LoveChanel နှင့် လူ C ကို သွားစူးစမ်းဖို့ တစ်ယောက်ပြီးတစ်ယောက် ရွေ့သွားကြတော့သည်။

သူတို့၏တုန့်ပြန်မှုများမှ အဖြစ်အပျက်များအထိ သူတို့၏အကျင့်စရိုက်ကို ခွဲခြမ်းစိတ်ဖြာသည့် သူတောင်ရှိလေသည်။ ထင်မြင်ချက် — တကယ်တော့ LoveChanel ပေဝေဝေကို တိုက်ခိုက်တဲ့ အကြောင်းရင်းက သူမမှာ အဲ့ဒါမရှိလို့။

ထိုသူသည် အတိုင်းအတာတစ်ခုထိ အမှန်တရားကို ဖော်ထုတ်ပေးခဲ့သည်ဟု ဆိုနိုင်သည်။

အားရှီတစ်ယောက် ထိုကောလဟာလများကို ကြားပြီးနောက် သူမရဲ့အဓိကအာရုံစိုက်ရာသည် တကယ့်ကို အခြားသူများနှင့် မတူချေ။ သူမအား ခေါင်းခြောက်စေသည့်အရာမှာ “ ဝေဝေ၊ နင့်တာရှန်းက နင့်မှာ ရှိမှန်း ဘယ်လိုသိလဲ...သူ နင့်ကို ဖက်ဖူးလို့များလား ”

အပြုံးဖျော့ဖျော့လေးက သိပ်နှစ်လိုဖွယ်ကောင်းတယ်(မြန်မာဘာသာပြန်)Where stories live. Discover now