Part 26: ငါတို့က မိသားစုတွေပဲ

618 82 0
                                    

Part 26: ငါတို့က မိသားစုပဲလေ

Unicode Ver

ညအချိန်ဖြစ်သော်လည်း ဝေဝေသည် အိပ်မရဘဲ သူမ၏သစ်သားကုတင်လေးပေါ်တွင် ဟိုလှည့်သည်လှည့်နှင့် လူးလိမ့်နေသည်။

သူမအခန်းဖော်များက အိပ်ယာဘေးတွင် စကားပြောကြပြီးနောက် သူတို့က သူတို့အိပ်ရာပေါ်တွင် အိပ်ပျော်နေကြ၏။ သူမ တစ်ယောက်တည်းသာ အိပ်စက်နိုင်ရန် ခက်ခဲနေသည်။ သို့သော်လည်း ဤကဲ့သို့နေ့တစ်နေ့ကို ဖြတ်ကျော်ပြီးနောက် အိပ်မပျော်နိုင်သည်မှာ သူမအတွက် ပုံမှန်သာဖြစ်သည်။

သူမ၏ခန္ဓာကိုယ်ကို နောက်တစ်ကြိမ် ထပ်လှည့်လိုက်သော်လည်း အိပ်လို့မရသေးပေ။ ဝေဝေ သူမစောင်ကို ကိုင်ကာ ထထိုင်လိုက်သည်။ သူမဒူးပေါ်ကို မေးလေး တင်ရင်း သက်ပြင်းချလိုက်တော့သည်။ သူမ စိုးရိမ်ပူပန်မှုများကို မခံစားရသော်လည်း သူမ စိတ်ထဲ ပြည့်လျှံနေသည့် ခံစားချက်အားလုံးကို ဖော်ပြရန် သူမ သက်ပြင်းချရုံသာ တတ်နိုင်လေသည်။

သူမနှလုံးသားထဲက မွန်းကြပ်မှုက အသက်ရှူထုတ်လိုက်ပြီးနောက် အနည်းငယ် သက်သာသွားပုံရသည်။

ရှောင်းနိုင်

သူ့ရဲ့တိတ်ဆိတ်တဲ့ပုံရိပ်၊ သွက်လက်တဲ့ပုံရိပ်၊ စကားပြောနေတဲ့ပုံရိပ်၊ ပြုံးနေတဲ့ပုံရိပ်များသည် သူမခေါင်းထဲ ပေါ်လာနေသည်။ ထို့ကြောင့် သူမ သက်ပြင်းချလိုက်သော်လည်း ထိုခံစားချက်က ပြန်လည်ရောက်လာခဲ့သည်။

ဝေဝေ သူမစောင်ကို ပွေ့ပိုက်ရင်း အချိန်အတော်ကြာ ထိုင်နေခဲ့သည်။ နောက်ဆုံးမှာတော့ သူမ ပင်ပန်းလာပြီး အိပ်ချင်လာတော့သည်။ သူမ လှဲအိပ်လိုက်ချိန်တွင် သူမဘေးနားရှိ ကုတင်က လှုပ်ရှားမှုကို ကြားလိုက်ရသည်။ သူမ နှစ််ခြိုက်စွာ အိပ်ပျော်သွားသောကြောင့် မည်သည့်အရာ ဖြစ်ပျက်သွားမှန်း မသိလိုက်ပေ။ မိုးသောက်ချိန်တွင် တစ်စုံတစ်ယောက်က သူမကို နှိုးရန် ရုတ်တရက် လာလှုပ်လေသည်။ သူမမျက်လုံး ဖွင့်လိုက်သည့်အခါ သူမအိပ်ရာဘေးတွင် ရပ်နေသည့် အားရှီကို မြင်လိုက်ရသည်။ သူမက အားနည်းစွာ ပြောသည် “ ဝေဝေ၊ ငါ ဝမ်းလျှောနေတယ်...ငါ သန့်စင်ခန်း သုံးခါတောင် သွားပြီးပြီ...ငါ အကြာကြီး တောင့်ခံနိုင််မယ် မထင်ဘူး ”

အပြုံးဖျော့ဖျော့လေးက သိပ်နှစ်လိုဖွယ်ကောင်းတယ်(မြန်မာဘာသာပြန်)Where stories live. Discover now