°1°

13.2K 614 27
                                    

*အခုကတော့ Gameလောကမှာ နာမည်ကြီးနေတဲ့ CSအဖွဲ့ကို ဖိတ်ခေါ်ထားတာဖြစ်ပါတယ်ရှင်။ မဂ်လာပါ*

*မဂ်လာပါ*

အင်တာဗျူးမေးနေသည့် သတင်းထောက်မလေး၏ အပြုံးတွေက ဝေဝေဆာဆာ။ ဒီဂိမ်းလောကမှာ နာမည်ကြီးသလောက် ချောကြခန့်ကြသည့် အဖွဲ့ကတော့ CSအဖွဲ့ပင်။ တော်ရုံအင်တာဗျူးတွေဆို လက်မခံသလို သူတို့ဘာသာ Liveလွှင့်ပြီး ပရိတ်သတ်‌ေမးသမျှကို ဖြေကြသည်။

*ဟုတ်ကဲ့ပါ အရင်ဆုံး ကိုယ့်ကိုယ်ကို မိတ်ဆက်ပေးကြပါအုံးနော်*

*ကျွန်တော်ကတော့ CSအဖွဲ့က မင်ယောင်ပါ*

မင်ယောင်ကတော့ အရပ်ရှည်ရှည်နဲ့ ပြုံးရွှင်သော မျက်နှာပုံစံရှိသလို အနေအေးသည်ဟုထင်ရပေမယ့် မထင်ထားလောက်အောင် စကားပြောတတ်လွန်းသည်။ မိဘတွေက စိန်လုပ်ငန်းနှင့် ခရီးသွား လုပ်ငန်းတွေကို လုပ်ကိုင်လေသည်။

*ကျွန်တော်ကတော့ လုယီပါ*

လုယီက မျက်လုံးစူးရှရှနဲ့ အကြည့်ချင်းဆုံသူတိုင်း စက္ကန့်အကြာကြီးတောင် အကြည့်ချင်းမဆိုင်ရဲလောက်အောင် စူးရှသည်။ ပိရိသေသပ်သည့် နှုတ်ခမ်းနီရဲရဲတစ်စုံက မိန်းကလေးတွေ ကြွေကျစေသည့် အစိတ်အပိုင်းတစ်ခု။ မိဘတွေကတော့ ရေကြောင်းခရီးသွားလုပ်ငန်းနဲ့ အထည်စက်ရုံပိုင်ရှင်ကြီးတွေပင်။

*ကျွန်တော်ကတော့ ဟန်ရွယ်ပါ*

ဟန်ရွယ်ကတော့ ကလေးဆန်ဆန် ချစ်စရာကောင်းသည့်ကောင်လေးပင်။ ဆံပင်အုပ်အုပ်လေးတွေနှင့် နှုတ်ခမ်းထော်ထော်လေးတစ်စုံ ပိုင်ဆိုင်ထားသည်။ ရယ်လိုက်တိုင်း ပါးချိုင့်လေးတွေက နစ်ဝင်သွားသည်က အကုန်လုံးကို ကြွေကျစေပြန်သည်။ မိဘတွေကတော့ စက်ရုံအသေးစားတစ်ခုနဲ့ ကုမ္ပဏီအသေးစား တစ်ခုသာ ပိုင်ဆိုင်လေသည်။

သူတို့အဖွဲ့ထဲ ဟန်ရွယ်ကသာ ပိုက်ဆံကိုအသုံးမကြမ်းခြင်းပင်။

*ကျွန်တော်ကတော့ ကျစ်ရန်ပါ*

ကျစ်ရန်က ခပ်တည်တည်နဲ့ ချေသည်။ အနေတည်သည်။ မိန်းကလေးတွေ၏ စိတ်ကူးယဉ်အိမ်မက်ထဲက ပုံစံပင်။ မိဘတွေက နိုင်ငံခြား ကုန်သွယ်ရေးတွေလုပ်သလို၊ အဖေက မြို့တော်ဝန်ပင်။

God's BoyfriendWhere stories live. Discover now