°2°

3.7K 507 27
                                    

ဒီနေ့က ကိုကို့Liveရှိသည်မို့ ရိပေါ်က စာတွေကို အစောကြီးက အပြတ်ဖြတ်ထားကာ ဖုန်းအားကိုလဲ အပြည့်သွင်းထားလေသည်။ ည၉နာရီ Liveရှိသည်ဟု အစောကြီး ကြိုပြောထားသည့် ကိုကို့ ကျေးဇူးတွေပင် အခါခါတင်သွားသည်။

*ဒီနေ့ by one playကြမယ်။idတွေ ချန်ထားခဲ့ပါ။ကျွန်တော့်ကို နိုင်ရင် Giftရပါ့မယ်*

ကိုကို့အပြောမှာတင် ရိပေါ်က အခါခါသေနေလေပြီ။ အောက်က မန့်တွေတက်လာသည်မှာလဲ ထောင်ချီနေပြီ။

ဒီနေ့မှ ကိုကိုက အရင်နေ့တွေကနဲ့ လုံးဝကွဲပြားစွာ ဝတ်စားထားသည်။ တီရှပ်အနက်လက်တိုကို လက်ဖျားလေးတွေ ခေါက်တင်ထား၍ လက်မောင်းကြွက်သွားတွေက ထင်းနေသလို တက်တူးတွေကလဲ များပြားလှသည်။

/Xiao zhan'gf က ဒီမှာနော်/

/နာမည်ခေါ်ပေး ကျန့်/

/မိုက်လိုက်တာ/

အောက်က မန့်တွေ ကြည့်ပြီး ရိပေါ်က နှုတ်ခမ်းစူသည်။ ကိုကိုကတော့ idတွေပဲ ရှာကာ အခြားမန့်တွေကို ဂရုမစိုက်။

ရိပေါ် ကံစမ်းချင်၍ သူ့ဂိမ်းidကို ‌ေကာမန့်မှာဝင်ရေးလိုက်သည်။ အကဲ၍ နိုင်သွားလျှင် လက်ဆောင်ကို ကိုကို့ chatboxမှာ သွားထုတ်ရမှာလေ။ ကိုကိုနဲ့ စကားပြောရမှာ နည်းတဲ့အခွင့်အရေးလား။

*အခုက 85_zhanဆိုတဲ့ အကောင့်နဲ့ ကစားမှာပါ*

ရိပေါ်မှာ ကိုကို့အသံကြောင့် အိမ်မက်လား ထင်သွားရသည်။ အဲ့အကောင့်က သူ့အကောင့်ကြီးလေ။ WTF!!

ရိပေါ် ဂိမ်းထဲမြန်မြန်ဝင်လိုက်ကာ ကိုကိုနဲ့ဆော့ဖို့ ရင်တွေပင် ခုန်နေလေပြီ။ ကိုကိုက Liveလွှင့်နေသည်မို့ အသံဖွင့်ထားသည်။ ရိပေါ်လဲ အသံဖွင့်ကာ ကိုကိုနဲ့ စကားပြောဖို့ လမ်းကြောင်းရှာသည်။

*ဘာကိုင်မှာလဲ*

*ကိုကို့လက်..အဲ..အကိုကြိုက်တဲ့heroကိုင်ပါ။ ကျွန်တော်လဲ ကိုယ်ကြိုက်တာ ကိုင်မယ်*

*Okလေ*

ရှောင်းကျန့်၏ liveအောက်က မန့်တွေကတော့ အသည်းအသန်တွေ ဖြစ်နေလေပြီ။ ရှောင်းကျန့်လို Globalမှာ no.1 heroတွေ အများကြီးရှိတဲ့သူကို ကြိုက်တာကိုင်ဆိုတော့ ဒီကောင်လေးဟာ သူ့လည်ပင်းသူ ကြိုးကွင်းစွပ်တာပဲ။

God's BoyfriendWhere stories live. Discover now