°9°

4.1K 466 11
                                    

ရိပေါ်နဲ့ ရှောင်းကျန့်ရဲ့ လက်မှတ်ထိုးပွဲမှာ မည်သူမှမရှိ။ အိမ်မှာပဲ လက်ထပ်စာချုပ်အပေါ် လက်မှတ်ထိုးလိုက်ကြခြင်းသာ။အသိအမှတ်ပြုရုံ လက်မှတ်ထိုးပွဲက တိတ်တဆိတ်သာ ပြီးဆုံးသွားသည်။

လက်မှတ်ထိုးပြီးသည်နှင့် ကိုကိုက သူ့သူငယ်ချင်းတွေနဲ့ ဖုန်းဆက်ကာ အပြင်ထွက်သွားလေသည်။ ရိပေါ်ကသာ စားပွဲပေါ်က လက်ထပ်စာချုပ်လေး နှစ်ရွက်ကို သိမ်းကာ ယူထားရလေသည်။

*အဟင်း..*

ခပ်တိုးတိုး တစ်ချက်ရယ်ကာ လက်ဖဝါးအပေါ်ကျလာသည့် မျက်ရည်စတွေ။ သူ ရည်ရွယ်ထားသည့် လက်ထပ်ပွဲက အခုလိုမျိုး မဟုတ်။ ရိပေါ် စိတ်ကူးထဲ ကျဲနဲ့မေမေ့ကို လှမ်းခေါ်ကာ ယွီပင်းတို့ပါ ပါဝင်သည့် ကြီးကျယ်လှသည့် ပျော်ရွှင်ဖွယ် လက်ထပ်ပွဲတစ်ခု။

အခုလို စာချုပ်ပေါ် လက်မှတ်ထိုးတာတောင် လူမသိသူမသိဘဝမဟုတ်။ သက်ဆိုင်သူလို့ ဆိုလို့ရပေမယ့် မဆိုဝံ့သည့် ဆက်ဆံရေးတစ်ခု။ သူက တိတ်တိတ်ကလေး လက်ထပ်ခံထားရသူ တစ်ယောက်အနေနဲ့သာ။

တစ်ခါတစ်လေဆို ကိုကို့ကို မချစ်ချင်တော့လောက်အောင် ပင်ပန်းလှသည်။

_____________________

*ငါတို့ပြိုင်ပွဲအတွတ် လေ့ကျင့်ရေး လုပ်ကြတော့မလား*

ကျစ်ရန်းက စီးကရက်ခဲရင်း ဆိုလာသည်။ ရှောင်းကျန့်ကတော့ ဖုန်းကြည့်နေကာ ရှေ့ကစားပွဲအပေါ် ခြေထောက်တင်ထားလေသည်။

*တစ်လလောက်လိုမှလေ့ကျင့်ကြတာပေါ့။ အခုလဲ ငါတို့ ညတိုင်းကစားနေကြတာပဲ*

လုယီက မင်ယောင့်လက်ထဲက အရုပ်ကိုဆွဲလုပြီး ပြောလာသည်။ ဟန်ရွယ်ကတော့ မုန့်တွေစားနေတာ မရပ်မနားပင်။ ဘယ်သူတွေဘာပြောပြော အရေးမလုပ်။

*ငါတို့ သတိထားရမှာက အင်ဒိုအသင်းကိုနော်*

‌ဟန်ရွယ်က မုန့်စားရင်း ဝင်ပြောလာသည့် စကားကြောင့် အားလုံးက ခေါင်းညိမ့်ထောက်ခံသည်။ အင်ဒိုအသင်းရဲ့ Hero pickတွေ Banတာတွေက မထင်ထားတာတွေနဲ့ စပရိုက် တိုက်တတ်လေသည်။

*ဒါနဲ့ရှောင်းကျန့် မင်းအိမ်အကူခေါ်ထားတာ အဆင်ပြေလား*

*ပြေပါတယ်..ကပျက်ကချော်လုပ်တတ်တာလေးပဲ*

God's BoyfriendOù les histoires vivent. Découvrez maintenant