°8°

4.1K 458 19
                                    

ရိပေါ် ကျောင်းပိတ်ရက်မှာ သူနဲ့ကိုကို့အခန်းထဲကို သန့်ရှင်းရေးလုပ်သည်။ ကိုကိုကတော့ အပြင်မှာ သူ့သူငယ်ချင်းတွေဖြင့် ဂိမ်းထိုင်ဆော့နေကာ ဘီယာသောက်နေလေသည်။ ရိပေါ်တောင် အမြည်းလုပ်ပေးခဲ့ရသေးသည်။

လိုက်ကာစတွေမဖြုတ်ခင် စားပွဲပေါ်က ကိုကို့စာအုပ်တွေကို ရှင်းရသည်။ ကိုကိုက စာတော့အတော်လေး ဖတ်သည်။ နာမည်ကျော် စာရေးဆရာတွေ၏ စာအုပ်တွေဆို ကိုကို့မှာ ရှိသည်။ ရိပေါ်ကကျ စာအုပ်ဖတ်ဖို့ ပျင်းသည့်သူ။

စားပွဲရှင်းပြီးသည်နှင့် မွေ့ယာစကို သေချာပြန့်ပြူးအောင် ဖြန့်လိုက်သည်။ကုတင်က King bed sizeကြီးကို ကိုကိုသည် ရိပေါ်ကို အခုထိ ကုတင်ပေါ် ခေါ်မအိပ်ပါ။ အောက်မှသာ အိပ်စေလေသည်။

ကိုကိုအိပ်ထားသည့် ခေါင်းအုံးလေးကို မွှေးကြူကာ ရိပေါ် မျက်လုံးတွေကို မှိတ်လိုက်သည်။ ကြာပန်းနံ့လေးက သင်းပျံ့နေလေသည်။ ကိုကိုက တစ်ကယ်ကို အသန့်အပြန့်ကြိုက်လွန်းပါသည်။

ရိပေါ် မွေ့ယာပေါ်က ထရပ်ကာ လိုက်ကာတွေ ဖြုတ်ဖို့ပြင်ရသည်။ ကိုကို့ စာကြည့်စားပွဲက ခုံကိုသွားမကာ သေချာထိန်းညှိလိုက်သည်။ ရပြီဆိုမှ သေချာကိုင်တက်ကာ လိုက်ကာစတွေဖြုတ်သည်။

*ဒီဒီ..ဒါဒါ..*

ရှောင်းကျန့် လက်တော့ပ်ကို အခန်းထဲက ပြန်ယူဖို့ အခန်းဆီလာပေမယ့် သူ့ကိုကျောပေးကာ သီချင်းတအေးအေးဖြင့် လိုက်ကာတွေဖြုတ်နေသည့် ကောက်လေးကြောင့် တံခါးဝကိုမှီကာ လက်ပိုက်လျက် ကြည့်နေလိုက်သည်။

တီရှပ်အဖြူအပွကို ဘောင်းဘီအနက်ဒူးတိုလေးဖြင့် ဝတ်ထားသည့် ကောင်လေးက ကလေးဆန်ဆန် ချစ်စဖွယ်။ ခြေသလုံးလေးတွေက ဖွေးဉနေကာ အမွှေးအမျှင် လုံးဝမရှိသည့်အပြင် သေးသေးသွယ်သွယ်လေးတွေဖြင့်။

သူရောက်နေတာကို မသိသေးသည့် ကောင်လေးက သီချင်းဆက်ဆိုနေဆဲ။ ရှောင်းကျန့် ခေါင်းခါရမ်းကာ အခန်းထဲဝင်လာပြီး သူ့ လက်တော့ပ်ကို သူ ယူလိုက်သည်။

*အာ့..*

အိပ်ယာပေါ်ကအထ သူ့အပေါ်သို့ ပစ်ကျလာသည့် ခန္ဓာကိုယ်ကို ခပ်တင်းတင်းထိန်းပွေ့ဖက်လိုက်ရသည်။
သူ့အောက်ရောက်သွားသည့် ကိုယ်လေးက သေးသေးသွယ်သွယ်။

God's BoyfriendWhere stories live. Discover now