°12°

9.2K 554 268
                                    

*ကိုကို့ ရင်ဘတ်မှာ အမွှေးတွေအများကြီးပဲ သိလား ယွီပင်း*

*သိရအောင် ငါကရှောင်းကျန့်ကောနဲ့ အတူတူအိပ်လို့လား*

ယွီပင်းက ခပ်ချဉ်ချဉ် ပြန်ဖြေပေမယ့် အူမြူးနေသည့် ရိပေါ်အတွတ်ကတော့ အပြစ်လို့ကို မမြင်ပါလေ။ video callပြောနေလို့သာ ယွီပင်းက မရိုက်တာ။ မဟုတ်လျှင် ဝမ်ရိပေါ် ခေါင်းကို နှစ်ချက်လောက် တီးပေးလိုက်ချင်သည်။

တော်တော် စောက်ကြွားသန်တဲ့ကောင်။ ကျောင်းမှာလဲ ရှောင်းကျန့်ကော၏ ခန္ဓာကိုယ်အကြောင်း ရေပက်မဝင်အောင် ကြွားသွားသည်။ ဒါတောင် အားမရလို့ ဖုန်းဆက်လှမ်းကြွားတဲ့ကောင်။

*ညကကွာ ကိုကိုက ဂိမ်းဆော့မယ်လုပ်တော့ ငါကစိတ်ဆိုးပြီး အိပ်ယာထဲဝင်သွားတာလေ မင်းကို ကျောင်းမှာ ငါပြောခဲ့တာလေ သိတယ်မလား။ ကိုကိုက ငါစိတ်ဆိုးမှာ ကြောက်နေတာကွ..အဟီး*

*သောက်ချီး ဝမ်ရိပေါ်ရေ*

စိတ်မထိန်းနိုင်သည့်အဆုံး ယွီပင်းက ဆဲတော့သည်။ ဒီအကြောင်းကို ပြောနေတာ ကျောင်းမှာ နေ့လည်စာ စားကထဲက။

ဖုန်းထဲက ဝမ်ရိပေါ်ကတော့ ဘာမထီမျက်နှာပေးနှင့်။ ရှောင်းကျန့်ကော အကြောင်းသာ ပြောရမယ်ဆို ထမင်းမစားဟင်းမစားရလဲ ဖြစ်သည်ဆိုသည့်ကောင်။

*Jလာပြီ ကော*

ယွီပင်းအနောက်ကနေ ဖန်ရှင်းက လှမ်းအော်လိုက်လေသည်။ ယွီပင်းကလဲ ဖန်ရှင်းအသံကြားသည်နှင့် ရိပေါ်ကို နှုတ်ဆက်တော့သည်။

*Jလာပြီတဲ့..တာ့တာနော် ရိပေါ်။ ငါ Jကို ကြည့်လိုက်အုံးမယ်*

*Jက ဘယ်သူ..*

ရိပေါ် စကားမဆုံးသေး ဖုန်းချသွားသည့် ယွီပင်းကို စိတ်ထဲက ကျိန်ဆဲလိုက်သည်။ ပြောတာလေးတောင် ပြီးအောင်နားထောင်မသွားဘူး။

*J*

ရိပေါ် ခပ်တိုးတိုး ရေရွတ်ကြည့်သည်။ Jဆိုတာကို သူ တစ်နေရာမှာ ရင်းရင်းနှီးနှီးကြာဖူးနေသည်။ မျက်မှောင်ကြုတ်ကာ စဉ်းစားနေပေမယ့် ဘယ်လိုမှ စဉ်းစားမရ။

စဉ်းစားလို့မရမယ့် အတူတူ အောက်ထပ်ဆင်းကာ တီဗွီကြည့်ပြီး ဂိမ်းဆော့ရန်ပြင်လိုက်သည်။ ရှောင်းကျန့်ကောကတော့ trainingသွား၍ အိမ်မှာမရှိပေ။

You've reached the end of published parts.

⏰ Last updated: Aug 06, 2021 ⏰

Add this story to your Library to get notified about new parts!

God's BoyfriendWhere stories live. Discover now