°5°

3.4K 450 12
                                    

ဆိုဖာပေါ်မှာ မျက်နှာလေး ရဲပြီးထိုင်နေသည့် ရိပေါ်ကို ရှောင်းကျန့်က မကြည်သလို ကြည့်နေလေသည်။ အစကထဲက ပေါက်ကရတွေနဲ့ အလွဲလွဲအချော်ချော်တွေပဲ လုပ်တတ်လို့ ရှောင်းကျန့်က မကြည်ချင်။

*ကျောင်းမသွားခင် မနက်စာ လုပ်ပေးထားရမယ်၊ညစာလုပ်ပေးရမယ်။ နေ့လည်စာကတော့ ကျောင်းမှာပဲ စားမှာ။ ငါlive streamလုပ်နေချိန် အိမ်ထဲ ငြိမ်ငြိမ်နေ*

*ဟုတ်*

ရိပေါ်မှာ နားရွက်ဖျားတွေပါ ရဲတက်နေသည်။ သူ့ကို ကိုကိုက ပွေ့ချီသွားသည်ဆိုသော ခံစားချက်ကြောင့် မျက်နှာက ပြုံးစိစိဖြစ်နေလေသည်။ မျက်နှာပိုးသပ်စမ်းပါ ဝမ်ရိပေါ်ရေ။

*ကျောင်းပိတ်ရက်တွေ အိမ်သန့်ရှင်းရေး လုပ်ရမယ်*

*ဟုတ်*

ရိပေါ်ကတော့ အရှေ့က ကိုကို့ဆီက အကြည့်မလွှဲ။ ရှပ်အကွက်နီညိုရောင်ကို လက်ခေါက်တင်ထားကာ လူငယ်တွေပတ်နေသည့် နာရီအိမ်ကြီးကြီးနဲ့ လက်ပတ်နာရီလေးကို ဝတ်ထားလေသည်။

အောက်ကလဲ ဘောင်းဘီဒူးထက်အနက်လေးနဲ့မို့ ‌အမွှေးအမျှင်တွေနဲ့ ကိုကို့ခြေထောက်ဖွေးဖွေးက သိပ်လိုက်ဖက်ပြန်သည်။ လက်ချောင်းသွယ်သွယ်ရှည်ရှည်တွေက ဖုန်းကိုကိုင်ထားကာ နီရဲတွတ်ပြီး ချစ်စရာအတိ။

*ငါပြောတာ ကြားလား*

*ဗျ..ဗျာ*

*ကျစ်*

ရှောင်းကျန့်က စကားတွေဆို နှစ်ခါပြန်ပြောရတာလောက် မုန်းတာမရှိ။ သူ အိမ်အကူ ငှားမိတာ တစ်ကယ်ကို ငယ်ထိပ် မြွေတက်ပေါက်သလို ခံစားလိုက်ရသည်။

*ငါ့ဟိုဘက်အခန်းမှာ မင်းနေလို့ပြောနေတာ*

*အော်..အင်းပါ..ဟမ်*

ထအော်သည့် ရိပေါ်ကြောင့် ကိုကိုက မျက်မှောင်ကြီးကျူံ့ကာ နာထဲကို လက်ညှိုးထိုးထည့်ထားလေသည်။ သူ့အသံ အဲ့လောက်ကျယ်မိလို့လား။

*ဘာဖြစ်တာလဲကွာ*

*ဟို..ဟိုလေ..ကျွန်တော်တစ်ယောက်ထဲ မနေရဲဘူး။သရဲကြောက်တယ်*

ရိပေါ် မျက်နှာငယ်လေးဖြင့် ကိုကို့ကို အသနားခံသလို ကြည့်လိုက်သည်။ ကိုကိုက မျက်မှောင်ကြီး ကျုံ့ထားသည်မှာ နဖူးကြောတွေတောင် တွန့်နေလေပြီ။

God's BoyfriendWhere stories live. Discover now