°10°

4.6K 494 33
                                    

*J..တို့ကို ကြည့်အုံးကွာ..ဟင့်*

လှုပ်ရှားနေသည့်ဆောင့်ချက်တွေက မြန်ဆန်စွာ ပြီးစီးသွားသည်။ ညည်းတွားနေသည့် သူမကတော့ Jရဲ့ လည်တိုင်တွေကို ခပ်တင်းတင်းသိုင်းဖက်လို့။

မော်ဒယ်လ်ဖြစ်သည့်တိုင် Jကိုဆို မိန်းမအားလုံးနီးပါး ဝပ်တွားခယနေသည်။ Jနဲ့ တစ်ညတာ ဖြတ်သန်းရသည့် လူတိုင်းက ကံအကောင်းဆုံးလူသားတွေလို သတ်မှတ်ကြသည်။

Jလို ကမ္ဘာကျော် အဆိုတော်တစ်ယောက်၏ ရည်းစားဆိုသည့် ဂုဒ်ဒြပ်ဆိုတာနှင့်ပင် အကုန်လုံးက အရာရာပေးဆပ်ဖို့ အသင့်ရှိနေကြသည်။ ထို့အပြင် Jဆိုတာ သိပ်ကို သဘောကျစရာကောင်းလွန်းသည့်လူ။

ခပ်တင်းတင်းမျက်နှာထားက အပြုံးအရယ် ကင်းမဲ့တတ်သည်။ စကားကို အပိုအလိုမရှိ ပြောတတ်သည်။ Liveလွှင့်လျှင်တောင် မန့်တွေသာဖတ်ပြီး အနည်းအကျဉ်းသာ ပြန်ဖြေရုံ။ ပိုင်ဆိုင်မှုတွေဆိုတာကလဲ မက်မောစရာ။

*ငါ မင်းနဲ့ မတွဲချင်တော့ဘူး*

*တစ်ပတ်မပြည့်သေးဘူးလေ J..တို့ အမှားလုပ်မိလို့လား*

ပုရိသတွေ သိပ်ကြိုက်ပါသည်ဆိုသည့် သူမ၏နှုတ်ခမ်းပါးတွေက ခပ်ဟဟ။ မော်ဒယ်လ်ဖြစ်၍ ပိန်သွယ်သွယ်ခန္ဓာကိုယ်နှင့် စောင်အောက်က တစ်စွန်းတစ်စပေါ်နေသည့် အသားအရည်က စိုစိုပြေပြေ။

Jကတော့ သူမပြောတာတွေကို အဖက်မလုပ်။ ဘေးက အဝတ်အစားတွေကို ပြန်ဝတ်ကာ လက်ပတ်နာရီကို ပတ်နေလေသည်။ ပြီးမှ သူမဘက်ကို ကြည့်ကာ

*ငါ စိတ်ကုန်သွားလို့..!*

ကားသော့ကို ဆွဲယူကာ ထွက်သွားမလို ပြင်နေသည့် Jလက်ကို သူမဆွဲထားမိသည်။ လက်ခေါက်တင်ထား၍ လက်က အမွှေးအမျှင် တစ်ချို့က သူမအသားကို လာထိနေတာဟာ အသဲယားစဖွယ်။

*တို့ Jကို ချစ်တယ်..တို့ကို မထားခဲ့ပါနဲ့*

*ငါက မင်းကိုမချစ်ဘူး*

သူမလက်ကို ခပ်တင်းတင်း ဖြုတ်ချကာ ထွက်သွားသည့် ယောကျာ်းက သိပ်ကို ဆုံးဖြတ်ချက် ပြတ်သားနေသလို။

နှုတ်ခမ်းကို ခပ်တင်းတင်းကိုက်ကာ စောင်ကို ဆွဲစုပ်ထားသည့် သူမလက်က အကြောတစ်ချို့ထောင်နေလေသည်။

God's BoyfriendWhere stories live. Discover now