°3°

3.4K 475 13
                                    

ရိပေါ်မှာ ယွီပင်းကို အဖော်ခေါ်လာပြီး ကိုကိုချိန်းထားသည့် နေရာသို့ ထွက်ခဲ့သည်။ ထိုနေရာက ကျောင်း၏ ကန်မ်တင်းပင်။ လူလဲထူသည်။ ကိုကိုက တစ်ခါတစ်လေ ထိုလိုဆိုင်မျိုးတွေကိုလဲ သာမာန်အတိုင်း ထိုင်တတ်လေသည်။

*ရိပေါ်..ဟိုမှာ*

ယွီပင်း လက်ညှိုးထိုးပြသည့် နေရာကို ကြည့်လိုက်တော့ ကိုကိုက ဆေးလိပ်သောက်ရင်း ဖုန်းကြည့်နေလေသည်။

ရိပေါ်မှာ အူမြူးသွားပြီး ကိုကို့ဆီသို့ ခပ်သုတ်သုတ် သွားတယ်။ ကန်မ်တင်းထဲက ကောင်မလေးတစ်ချို့က ကိုကိုတို့ကို ခိုးကြည့်နေကြတာကိုလဲ မျက်ဝန်းထောင့်က မြင်လိုက်ရသေးသည်။

*အင့်..*

*ဟာ...*

ကံမကောင်းလှစွာပဲ ကိုကိုတို့အနားရောက်မှ ခြေထောက်က တိုက်မိကာ ကိုကိုတို့ အဖွဲ့ထဲကကျစ်ရန်ဆိုသည့် အကိုကြီး၏ ကျောကို လက်နဲ့ဆောင့်တွန်းမိသလို ဖြစ်သွားလေသည်။

*မင်း ဘယ်လိုလုပ်လိုက်တာလဲ*

နောက်လှည့်ကာ ခပ်စူးစူးအော်လိုက်သည့် အကိုကြီးကြောင့် ရိပေါ် ကိုယ်လေးက တုန်ခနဲ။ ဘေးက ဝင်ရပ်သည့် ယွီပင်းက ခပ်တည်တည်မျက်နှာထားဖြင့်။

*ဆော..ဆောရီး..*

*ဟ..ဒါဆောရီး ဆိုတဲ့အခြေအနေနဲ့ ကျေနပ်ရမှာလား*

ရိပေါ် ကျစ်ရန်ဆိုသည့် အကိုကြီး၏ အဝတ်အစားတွေကို အားနာစွာ ကြည့်လိုက်သည်။ ကော်ဖီတွေမှောက်ကုန်ကာ ထိုအကိုကြီး၏ ဘောင်းဘီတွေ၊အကျီတွေမှာ စိုရွှဲကုန်လေသည်။

ဘေးက ကိုကိုတို့က မတ်တပ်ရပ်ပြီးသာ ကြည့်နေလေသည်။ ရှက်လဲ ရှက်လာ၍ ရိပေါ် မျက်နှာလေးက ငိုမဲ့မဲ့။

*မတော်တဆပဲ..တစ်ကယ်လုပ်တာမှ မဟုတ်တာ။ အဲ့လောက် ဖြစ်ပျက်ပြမနေစမ်းပါနဲ့*

*ဘာကွ*

ယွီပင်းစကားကြောင့် ကိုကိုတို့အဖွဲ့က လှုပ်လှုပ်ရှားရှား ဖြစ်လာကြသည်။ ရိပေါ်ကတော့ ဘေးက ယွီပင်းလက်လေးကို ဆွဲထားလေသည်။

ဝိုင်းကြည့်နေသည့် ကန်မ်တင်းက လူတွေက ဘာဆက်ဖြစ်မလဲ စိတ်ဝင်စားနေကြဟန်။

God's BoyfriendWhere stories live. Discover now