°11°

4.8K 536 61
                                    

ညဖက်ရောက်လာ၍ ရိပေါ်မှာ ခြံတံခါးတွေ အိမ်တံခါးတွေ အကုန်ပိတ်ပြီးသည်နှင့် tvရှေ့ ရောက်သွားလေသည်။ ဆိုဖာပေါ် ဒူးလေးကွေးကာ ထိုင်နေပြီး လာနေသည့် ဇာတ်လမ်းတွဲသာ ကြည့်နေတယ်။ ကိုကိုက trainingရှိလို့ဆိုပြီး နောက်ကျမယ်လို့ ရိပေါ်ကို အစောကြီးကထဲက ပြောထားလေသည်။

*အော် မအိပ်သေးဘူးလား*

*ရှောင်းကျန့်ကောကို စောင့်နေတာလေ*

ရှောင်းကျန့်က လွယ်ထားသည့်အိတ်ကို ရိပေါ်ဆီပေးကာ ရိပေါ်နားက ဆိုဖာမှာပဲ ဝင်ထိုင်လေသည်။ ရိပေါ်ကတော့ ကိုကို့ဆီက ရနေသည့် ကိုယ်သင်းနံ့သင်းသင်းလေးကို ခိုးပြီးရှူနေမိသည်။

*ဘာတွေပြုံးနေတာလဲ*

မျက်လုံးကြီးမှိတ်ကာ ပြုံးနေသည့် ရိပေါ်ကို ရှောင်းကျန့်က မျက်ခုံးပင့်ရင်း မေးလာလေသည်။ ဇာတ်လမ်းကြည့်နေရင်း မျက်လုံးကြီးမှိတ်ကာ ပြုံးပြုံးကြီး ကြည့်နေသည့်ကောင်လေးက တစ်ကယ့်ကို ကြောင်တောင်တောင်။

*ဒီတိုင်း..*

ပြောလဲပြော ဟီးခနဲလဲ ရယ်ပြလာသေးသည်။ ဝမ်ရိပေါ်ဟာ တစ်ကယ်ကို ကြောင်တောင်တောင်လေး။

*ညစာ စားပြီးပြီလား ရှောင်းကျန့်ကော*

*အင်း ဟိုမှာပဲ ဟိုကောင်တွေနဲ့ စားခဲ့လိုက်တယ်။ မင်းရော*

*ကျွန်တော်လဲ ပြီးပါပြီ*

ရှောင်းကျန့်က ခေါင်းညိမ့်ပြကာ ဆိုဖာကိုမှီပြီး မျက်လုံးတွေမှိတ်ထားလေသည်။ ရိပေါ်ကလဲ အရှေ့က ဖွင့်ထားသည့် တီဗွီဆီ မကြည့်မိတော့။ ဘေးမှာလာအိပ်နေသည့် ကိုကို့ကိုသာ ငမ်းနေလေသည်။

ရိပေါ်အကြည့်တွေက မျက်လုံးအိမ်တွေ၊နှာတံတွေကို အဝကြည့်ပြီးသည်နှင့် တစ်ခါသာ ထိတွေ့ခဲ့ဖူးသည့် နှုတ်ခမ်းရဲရဲလေးဆီရောက်သွားလေသည်။ ကြည့်ရင်းကြည့်ရင်း ရိပေါ်မှာ အသဲယားပြီး ကိုယ့်နှုတ်ခမ်းကို ပြန်ကိုက်ထားရသည်။

ရှောင်းကျန့်ကော၏ အပေါ်နှုတ်ခမ်းလေးကိုသာ ထိတွေ့လိုက်ရရင်..။

*အဟွတ်..အဟွတ်*

အငမ်းလွန်ကာ ရိပေါ်မှာ တံတွေးတွေသီးပြီး မျက်နှာကြီးနီရဲလာသည်အထိ ချောင်းတွေဆိုးလာရသည်။ ရိပေါ် စိတ်ထဲက ကိုယ့်ကိုယ်ကို ပြန်ကျိန်ဆဲလိုက်သည်။

God's BoyfriendWhere stories live. Discover now