°4°

3.4K 454 18
                                    

ယွီပင်းမှာ ညက ဖျားနေ၍ ရိပေါ်ပဲ တစ်ညလုံးမအိပ်ပဲ ရေဝတ်ကပ်ကာ ပြုစုရသည်။ ဒီမနက်လဲ ကျောင်းမလိုက်နိုင်၍ ရိပေါ်ကပဲ ကျောင်းလာရသည်။ နားချင်ပေမယ့် နှစ်ယောက်လုံးသာ နားလိုက်ရင် စာကို လိုက်မှီတော့မည်မဟုတ်။

နွမ်းနေသည့် ယွီပင်းကိုသာ အနားယူခိုင်းပြီ ရိပေါ်က ကျောင်းလာရသည်။ အိပ်ချင်သည့် စိတ်ကြောင့် စာအုပ်လေးပိုက်ပြီး တဝှါးဝှါးသန်းသေးသည်။ ကားစီးတော့လဲ ပြတင်းပေါက်နားထိုင်ကာ မှီပြီးအိပ်သေးသည်။ ကျောင်းရောက်မှ ဆင်းကာ မျက်လုံးမှိတ်ပြီး လမ်းလျှောက်သည်။

ညက တစ်ညလုံး တစ်ရေးသာ အိပ်ရသည်။ အဖျားပြန်ပြန်တက်လာသည့် ယွီပင်းကြောင့် စိတ်ချလက်ချ မအိပ်ရဲ။

*ရှောင်းကျန့်ကောတို့က ပြိုင်ပွဲကို လက်ခံလိုက်ပြီတဲ့*

*သေချာပေါက် ချန်ပီယံက ငါတို့နိုင်ငံပဲ*

ရိပေါ် ရှေ့က ကောင်မလေး နှစ်ယောက်၏ စကားသံကြောင့် ရိပေါ် အိပ်ချင်ရင်းကနေ ပြုံးမိသွားသည်။ ကိုကိုတို့က တစ်ကယ်ကို လူတစ်ကာ၏ ယုံကြည်မှုကို အပြည့်အဝ ရထားသည်။

*ရှောင်းကျန့်ကောက ကောင်မလေး အသစ်ရနေတာဆို*

*သူ့အသစ်တွေက ပေါလွန်းလို့ဟယ်..ငါတောင် သူ့အသစ်ထဲပါချင်တာ။ ကိုယ့်အခြေအနေ ကိုယ်သိလို့*

ရိပေါ်မှာ နှုတ်ခမ်းလေးထော်ကာ မကျေမနပ်ဖြစ်သွားရသည်။ အတန်းချိန်တက်တော့လဲ အိပ်ငိုက်နေ၍ ဘာစာမှ သိပ်မမှတ်လိုက်ရ။

နောက်ဆုံး စာကြည့်တိုက်ပဲ ဦးတည်ရသည်။ အိပ်ချင်စိတ်က စာကြည့်တိုက်ရောက်တော့ ပိုအိပ်ချင်သွားသည်။ မြင်ရာ စာအုပ်တစ်အုပ်ကို ဆွဲထုတ်လာပြီး ချောင်လေးတစ်ချောင်မှာ ကွေးကွေးလေး အိပ်နေလိုက်သည်။

*ကောင်မလေးအသစ်က ပုံတွေတောင် ပြောင်းခိုင်းလိုက်တယ်ဆို*

ကျစ်ရန်က ရှောင်းကျန့်ကို ပြုံးစစနဲ့ နောက်လေသည်။စာကြည့်တိုက်လာပြီး စာအုပ်မဖတ်ပဲ ချောင်ကပ်ကာ တစ်ယောက်နဲ့တစ်ယောက် စနေလေသည်။

*ဟိုကောင်လေးက မင်းကို တိုက်မိတဲ့ဟာလေးမလား*

မင်ယောင် ပြသည့်ဘက်ကို သူတို့တစ်ဖွဲ့လုံး ကြည့်လိုက်သည်။ ပါးဖောင်းဖောင်းနဲ့ ကောင်လေးတစ်ယောက်။ ဒူးပေါ် ပါးလေးတစ်ဖက် ဖိအိပ်ထားသောကြောင့် နှုတ်ခမ်းစူရဲရဲလေးက ရှေ့သို့ ထော်ထွက်နေသည်။

God's BoyfriendOnde as histórias ganham vida. Descobre agora