°6°

3.5K 463 14
                                    

ရိပေါ် ကိုကို့အိမ်ကနေ ကျောင်းကိုထွက်လာသည်အထိ ကိုကိုက အိမ်မှာရှိနေတုန်းပင်။ ဒါပေမယ့် ရိပေါ်က ဘတ်စ်နဲ့သွားရသည်။ ကိုကိုကတော့ သူ့ကိုယ်ပိုင်ကားဖြင့်။

ကိုကိုတို့ ဆိတ်ငြိမ်ရပ်ကွက်လမ်းတစ်လျှောက် ရိပေါ်မှာ ခုန်ဆွခုန်ဆွဖြင့် ဟိုကြည့်ဒီကြည့်ကာ သွားနေလေသည်။ တစ်လမ်းလုံး တိတ်ဆိတ်နေသည်မှာ လူမရှိဟုပင် ထင်ရသည်။ ရိပေါ်မှာ ပါးစပ်ကလဲ သီချင်းတွေ ဆိုနေသေးသည်။

*ညောင်..ညောင်..*

ခြံဝန်းကျယ်ကြီး၏ သစ်ပင်အကြီးကြီးနားအရောက် ကြောင်အော်သံကြောင့် ရိပေါ် ခြေလှမ်းလေးတွေက တုန့်ခနဲ။

သစ်ပင်ပေါ်ကို မော့ကြည့်ကာ အရွက်နဲ့အခက်တွေကြားထဲ အော်နေသည့် ကြောင်ကို ရိပေါ်မှာ ကုန်းကုန်းနဲ့ ရှာလေသည်။

ခနအကြာရှာပြီးမှ ကြောင်ဝါဝါလေးတစ်ကောင်။ အဝါရောင်လဲမဟုတ်ပဲ အစပ်မှာ အဖြူလေးတွေပါ ပါသေးသည်။

*နေအုံးနော်..ငါ လုပ်ပေးမယ်*

ရိပေါ်မှာ ဘေးဘက်တွေက အကူအညီရစရာ တစ်ခုခုကို ပတ်ရှာကြည့်သည်။ ခြံဝန်းကြီးက တော်တော်မြင့်၍ ခုန်တက်ဖို့လဲ မလွယ်။ ကြည့်ရတာ ကြောင်လေးကလဲ တက်ပြီးမှ ပြန်မဆင်းတတ်သည့်ပုံ။

ရိပေါ် ပြူးပြူးပြဲပြဲဖြင့် ထိုခြံဝန်းတံခါးကနေ အိမ်ထဲ လှမ်းကြည့်လိုက်သည်။ သစ်ပင်ပေါ်က ကြောင်လေးကလဲ လူစကားနားလည်သည့်အလား ပြူးပြူးလေးနှင့် ရိပေါ်ကို လိုက်ကြည့်နေလေသည်။

*ဟေ့..ဟိုလူ..ဟိုလူတို့*

ရိပေါ် ခြံဝန်းထဲကို လှမ်းကြည့်လိုက်သည်နှင့် လူငယ်သုံးယောက်မှာ ဆေးလိပ်သောက်လျက် စကားပြောနေကြလေသည်။

*ဟိုလူတို့..ဟိတ်..*

ရိပေါ်မှာ ခုန်ခွခုန်ခွဖြင့် လှမ်းအော်ကာ လက်တွေပါ လှမ်းပြလေသည်။ ခြံဝန်းထဲကနေ လှမ်းကြည့်နေသည့် လူသုံးယောက်က ရိပေါ်ဆီ တန်းတန်းမတ်မတ် လျှောက်လာကြသည်။

*ဘာကိစ္စလဲ..*

လေသံမာမာနှင့် ပြောလာသည့် သူကို ကြည့်လိုက်တော့ ချောတာတော့ အတော်ပင်ချောပါသည်။ ဒါပေမယ့် မျက်နှာတည်ကြီးဖြင့်။ ဘေးကနှစ်ယောက်ကလဲ ရိပေါ်ကို စုန်ဆန်ခတ်လျက် ကြည့်နေလေသည်။

God's BoyfriendWhere stories live. Discover now