unicode;Part(6)🔥🔥zawgyi

7.9K 279 2
                                    

ညနေစာ စားပြီးချိန်သည် ည 7 နာရီကျော်ကျော် ရှိသွားပြီ။
စက်ခွန် ထမင်းစားပြီးတာနဲ့ ဧည့်ခန်းထဲမှ sofa ပေါ်ထိုင်ကာ ရေးလက်စ စာမူ အားရေးနေလိုက်၏
ရေးနေတဲ့အတောအတွင်း စာရေးနေသည်ကို နစ်ထားသည်ကြောင့် သူ့၏စိတ်တို့ကား ထို ဇာတ်ကောင်ထဲဝယ်...
ရေးရင်းရေးရင်း မှ နာရီဝက်လောက်အကြာ
တွင်မီးဖိုခန်းထဲမှ

ဂျွတ် ဂျွတ် ဂျွတ် ဂျွတ်

အသံ မြည်နေတော့ စက်ခွန်တစ်ယောက် မီးဖိုခန်းထဲသို့ လှမ်းကြည့်လိုက်သည်
သို့ပေမဲ့ အရိပ်အယောင်တောင် မမြင်ရသော ထိုအခန်းထဲမှာ မှိုင်းခ မရှိသည်ကို သူသိ၏ ထမင်းစားပြီးတာနဲ့ အပေါ်မှာ ကုမ္ပဏီ ကပါလာတဲ့စာရင်းတွေ တွက်စရာရှိသည်ဆိုပဲ တက်သွားခဲ့ပြီလေ...
လှမ်းကြည့်တော့ ဘယ်သူမှ မတွေ့တော့ စက်ခွန် စာသာဆက်ရေးနေလိုက်ပြန် သည်။
တအောင့်လောက်အကြာ

ဂျွတ် ဂျွတ်

အသံထပ်ကြားနေသည်ကြောင့် မီးဖိုခန်းထဲကိုထပ်မံကြည့်လိုက်ကာ

" ဘယ်သူလဲ! "

စက်ခွန် လှမ်းအော်လိုက်သည်နှင့် မြည်နေသော အသံတို့ ရပ်တန့်သွားသလားး
သေချာသည် အသံထပ်မကြားလာရတော့ပါ

" ဟူးးး ကြောင်တွေကလဲ ပေါ်ကိုပေါ်လာနိုင်တယ် "

ကြောင်ကိုသာ အပြစ်ပုံချလိုက်ပြီး ရှေ့က
လက်ပ်တော့အား ပြန်အလုပ်ပေးလိုက်သည်။

** သူမ ရှေ့ဆက်တိုးနေဆဲ..သို့ပေမဲ့ ကြောက်လန့်သည့်စိတ်တို့ကို ထိန်းချုပ်ကာ ထိုအမှောင်ကျနေသည့်အခန်းထဲမှ လွတ်မြောက်ရန်သာ.. အမှောင်ထုထဲမှ မမြင်မစမ်း လှမ်းကာလျှောက်လာရင်း သူမ တခုခု ကိုဝင်တိုက်လိုက်သည်။
ဒါဘာများဖြစ်မလဲ
" အ့ "
ခလုတ်တိုက်ခဲ့တဲ့အရာကြောင့် ထိုနေရာဝယ်လဲကျသွားသည်။ သို့ပေမဲ့ သူလဲကျသွားသည့်နေရာတွင် တခုခု ရှိနေတယ်ဆိုတာ ခံစား နေရသလို..
အသက်ရှုသံ...
နှလုံးခုန်သံ....
ပြီးတော့ အနွေးဓာတ် တခု..
ဒါပေမဲ့ ကျမ ဘာမှမမြင်ရဘူးလေ ဒါဆို ဘေးက ဘယ်သူများ...**

" အမေ့ !"

နောက်ကနေ ပုခုံးကို လှမ်းပုပ်လိုက်သည်ကြောင့် ရေးနေလက်စ တို့ပြတ်သွားရင်း အလန့်တကြားဖြစ်သွားရသော စက်ခွန်..

DIRECTION OF TĤĒ MINĐ ❌❌Where stories live. Discover now