unicode;Part(10)🔥🔥zawgyi

4.8K 193 1
                                    

စက်ခွန် အရင် ရေချိုးခန်းထဲက ထွက်လာတော့ အခန်းထဲ၌ TV ကဖွင့်လျက်သားး
ခေါင်းပေါ်မှ ဆံပင်တွေကို တဘတ်ဖြင့်သုပ်လာရင်းး

" ညီ မင်းTV ဖွင့်ခဲ့တာလားး "

" မဖွင့်ခဲ့ဘူးလေ အစ်ကို ဘာဖြစ်လို့လဲ!  "

" အင်းအင်း ဘာမှမဖြစ်ဘူး အမြန်လုပ် အအေးပတ်မယ် "

" ဟုတ် "

ချလောက်..!

TV ခလုတ်ပိတ်ချလိုက်ပြီး ကုတင်ဆောင်းတွင် ဝင်ထိုင်လိုက်ကာ ခေါင်းတို့မှ ဆံပင်တွေအား သုပ်ရင်း စက်ခွန် အတွေးခန်းဝင်တော့သည်

TV ညီမဖွင့်ခဲ့ရင် ဘယ်သူက ဖွင့်မှာလဲ..
ငါလားး မဖြစ်နိုင်တာ အခန်းထဲရောက်တာနဲ့ ရေချိုးခန်းကိုတခါထဲဝင်ခဲ့တာပါ..
ဒါဆို ဒီ TV ကိုဘယ်သူကဖွင့်မှာလဲ?
ဒီအိမ်ကြီးထဲမှာ ငါတို့နှစ်ယောက် ပဲရှိနေတာလေ..ငါတို့နှစ်ယောက် ဖွင့်တာမဟုပ်ဘူးဆိုရင်..
စက်ခွန် ရင်ထဲ ဒိန်းကနဲ!
နောက်ထပ် တစ်ယောက်ရှိနေတာလားး ??

ကျွီ🚪

" အစ်ကို ကျွန်တော့်ကို တဘတ်လေး လှမ်းပါအုံး "

" အစ်ကို.. အစ်ကို့! "

" ဟွန် ခေါ်လိုက်တာလားးညီ "

သူ့ကိုမျက်စောင်းနဲ့ထိုးနေတဲ့သူက ဘယ်လောက်သဝန်တို တက်မှန်းသိပါသည်။စက်ခွန် ထိုင်နေရာမှ ထရပ်လိုက်ပြီး မျက်နှာချိုသွေးကာ..

" ညီ ဘာလို လို့လဲ ငါတောင်းပန်ပါတယ်ကွာ မင်းခေါ်တာမကြားလိုက်ဘူး "

" တဘတ် "

" အော်..အင်းအင်းပေးမယ်ခဏလေးး "

ဗီရိုထဲမှ ကဗျာကသီ တဘတ်တထည်အား ယူ​ပြီး..ရေချိုးခန်းဝတွင်ရပ်နေသော ညီ့ ဆီသို့ အမြန်ပေးလိုက်ရသည်။ သူခေါ် ပြီဆို တခါနဲ့ပြန်မထူရင်တော့ ရုပ်ကဆူပုပ်ပြ ပါလိမ့်မယ်...

" ဘာတွေ အဲ့လောက်တောင်စဥ်းစားနေလို့ ကျွန်တော် ခေါ်တာမကြားရတာလဲ "

" ငါစဥ်းစားနေတာ ညီ "

"ဟွန် ဘာတွေ စဥ်းစားနေတာလဲ ကျွန်တော့ကို ပြောပြလေ.."

မှိုင်းခ ပါစက်ခွန် ဘေးဝင်ထိုင်လိုက်ရင်း အနောက်ကနေ ပွေ့ဖက်ထားကာ ပြောလိုက်သည်။

DIRECTION OF TĤĒ MINĐ ❌❌Where stories live. Discover now