unicode;Part(9)Zawgyi

3.7K 233 2
                                    

စက်ခွန် ဒီနေ့မနက်တက်တက်ကြွစောစီးစွာ ထပြီး မှိုင်းခ ဆီသွားရန်ပြင်ဆင်နေခဲ့သည်။
အောက်ဆုံးထပ်ကို ဆင်းလာခဲ့တော့ လူတွေ အုံကြွအုံကြွ လူအုပ်ကြီးတစ်စု အား စက်ခွန် အဝေးတနေရာမှ လှမ်းမြင်နေသည်
တချို့တလေ က ဓာတ်ပုံတွေရိုက် နဲ့ တချို့ ကရဲဝတ်စုံဝတ်ဆင်ထားကြသည်ကို စက်ခွန် သတိထားမိခဲ့သည်။

" ဒီမှာ ဒီမှာဗျ "

လမ်းသွားလမ်းလာ အဒေါ်ကြီးတစ်ယောက်အား စက်ခွန် လှမ်းခေါ်လိုက်တော့

" ဘာဖြစ်လို့လဲကွဲ့ ငါ့တူ "

" ဟိုနေရာက လူတွေစုဝေးနေတာ ဘာဖြစ်လို့များလဲ ဟင် တခုခု ဖြစ်လို့လား "

ထိုအဒေါ်ကြီး၏ ရုပ်မျက်နှာသည် တမ်းညိုးငယ်သွား သလို..

" ဟုတ်တယ် ငါတူရယ် ဘယ်လိုလူတွေကများ မိန်းခလေးနှစ်ယောက်လုံးကို ရက်ရက်စက်သတ်သွား ရက်လဲမသိပါဘူးကွယ်..ရုပ်ပြတ်ဆင်ပြတ်နဲ့.."

" ဗျာ..လူသတ်မှု..?? "

ခေါင်းတညိမ့်ညိမ့်ဖြင့်သာ ထိုအဒေါ်ကြီးထွက်သွားခဲ့ပေမဲ့ စက်ခွန် ထိုနေရာတွင်တော့ ပါးစပ်အဟောင်းသား အ့သြခြင်းတို့ပြည့်နှက်နေသည်။
သွားကြည့်ရကောက်းမလားဟု စဥ်းစားနေသော်ငြား သူမသွားဖြစ်ခဲ့..
သွားနေခဲ့ရင် ထိုအမှုထဲ ပါနေအုံးမည်လေ..
စက်ခွန် ထိုနေရာမှ ထွက်လာခဲ့ပြီးရင်းး မှိုင်းခ ဆီသို့ အမြန်ဆုံးရောက်အောင် မောင်းလာခဲ့တော့သည်။
......

" ကိုယ့်လိုကောင်က ပိုင်ဆိုင်ချင်ပြီဆိုတာနဲ့ ရအောင်ယူတက်တဲ့ အကျင့်ရှိတယ်ဆိုတာ မသိလို့ ထပ်မေးနေတာလားး "

"..........."

" အဟက် ကိုယ်ပိုင်တဲ့အရာမှန်သမျှ ဘယ်သူမှ ထိခွင့်မရှိသလို ငါတစ်ယောက်ကလွဲပီးလဲ သူ့ကို ပိုင်ဆိုင်ခွင့်မရှိဘူး မင်းသာ ငါ့လက်ထဲက လွတ်အောင်ပြေးနိုင်ရင် ပြေး.. ဒါပေမဲ့.. !"

" ညီ "

" မင်းအခန်းထဲမှာလား.."

🚪🚪 ကျွီ..

အိမ်ကြီးထဲရောက်လာတော့ အောက်ထပ်မှာ ဘယ်သူမှ မရှိသည်ကြောင့် စက်ခွန် ညီ ဟုခေါ်နေသော်လည်း ပြန်ဖြေမည့်သူတစ်ဦးတယောက်မျှမရှိ ထို့ကြောင့် အပေါ်က ညီ့ အခန်းထဲမှာ ရှိမည့်အထင်ဖြင့် ဝင်လာခဲ့ခြင်းး

DIRECTION OF TĤĒ MINĐ ❌❌Where stories live. Discover now