unicode;Part(18)🔥zawgyi

4.4K 171 4
                                    

DIRECTION OF THE MIND💀

ခဏ!
တဆိတ်လောက် ညီ့ကိုဘယ်သူကခါးဖက်ထားတာလဲ??

ထမင်းစားခန်းအဝမှာ ရပ်တန့်လိုက်တဲ့ ခြေအစုံနှင့်အတူ သူ့ရှေ့မှာမြင်နေရတဲ့မြင်ကွင်း ကသိပ်မူမမှန်နေဘူးမလားး
ခဏတာလေးအတွင်း စက်ခွန်ခေါင်းထဲ၌
ဒိန်းကနဲ ဆောင့်တက်လာပြီးနောက် အဖြေမရှိတဲ့ မေးခွန်တွေမှ တရပ်စက် ထွက်ပေါ်လာလေသည်
မိုးည နဲ့မောင်က ဘယ်လိုပတ်သတ်မှုမျိုးလဲ
မိတ်ဆက်မပေးခင်ရှေ့မှာ သူတို့နှစ်ယောက် သိနေခဲ့တာလား
ကျွန်တော်မသိသေးတဲ့ မိုးည တို့ရဲ့ပတ်သက်မှုက ဘယ်လောက်ထိတောင်

" မောင် "

" အစ်ကို့ "

အထိတ်တလန့် ခါးပေါ်ကတင်ထားတဲ့ မိုးည လက်ကိုတွန်းလွတ်လိုက်ရင်း လှည့်ကြည့်လာတဲ့ မှိုင်းခရဲ့မျက်ဝန်းတွေမှာ စိုးရိမ်မှုအပြည့်
မောင်ဘာကိုစိုးရိမ်သွားခဲ့တာလဲ
မင်းတို့နှစ်ယောက် ပတ်သက်မှုကိုသိသွားကြောက်လို့ စိုးရိမ်တာလား
သို့မှမဟုတ်
ငါအထင်လွဲသွားမှာစိုးလို့လား

" အာ စက်ခွန်မင်းလူက လုပ်လိုက်ရင်အစမ်းပဲ ပန်းကန်လုံးလေးဆေးတာ အိင်္ကျီတွေမှာ ရေတွေဆင်ကုန်ပြီ ကြည့်ပါအုံးကွာ ခလေးလေး ကြနေတာပဲ ဟားဟား "

" ကျွန်တော့ကိုအဲလိုမလုပ်ပါနဲ့မကြိုက်ဘူး"

တဟားဟားရီရင်း မှိုင်းခ ရဲ့ဆံပင်တွေအား မိုးည ဖွလိုက်တော့ ရှောင်ထွက်သွားသည့်မှိုင်းခ သည်စိတ်အလိုမကျ
ဒေါသ ထွက်နေသည်ထက်ပိုနေအောင် ဒီမြင်ကွင်းကနေ ရှောင်ဖယ်ချင်နေပြီဖြစ်တဲ့ စက်ခွန်

" ပြီးပြီးမလား လာခဲ့တော့ လေးလေးစောင့်နေတယ် "

" ဟုတ်ကဲ့ "

ဘယ်လိုတောင် ငါ့ရှေ့မှာ ငါ့နဲ့ပတ်သတ်နေတဲ့သူကို.... မိုးညရာ ငါမင်းကိုသံသယမဝင်ချင်ဘူး ကျေးဇူးပြုပြီး
အားလုံးဧည့်ခန်းရောက်တော့ sofa ပေါ်ပြန်ထိုင်ကြပြီး

" ကဲ ဆက်ပါအုံး မင်းအကြောင်းလေး.. "

" .............

_____________

ငြိမ်နေတဲ့ အကောင်ကိုမှ မင်းကလက်ယပ်ခေါ်လိုက်တာ မင်းသိပ်မှားသွားပြီ
ခက်တာက မင်းကိုသတ်တော့မယ့် ကျားတစ်ကောင်ဆိုတာ မင်းမသိလေတော့ အဟက်

DIRECTION OF TĤĒ MINĐ ❌❌Where stories live. Discover now