Part(28)

1.6K 99 1
                                    

Ring~Ring~Ring

လက်တော့ပ်ကိုအကြည့်မပြတ် အတွေးတွေကစာစီနေသည်မို့ ဘေးကမြည်နေသော ဖုန်းကိုခဏတာလျစ်လျူရှုထားလိုက်၏
သိပ်မကြာ
ရေချိုးခန်းထဲမှထွက်လာသူက ခါးတစ်ဝက်တွင်တဘတ်တထည်သာဝတ်ထားတဲ့မှိုင်းခ သည်မြည်နေဆဲဖုန်းဆီသို့အကြည့်ရောက်သွားတဲ့အခါ...

contect ကိုတချက်ကြည့်ပြီး

" ဘာကိစ္စလဲအောင်ဇေ "

" အော် မှိုင်းခ ကိုစက်ရော "

ဘေးတွင်ခါးထောက်ကာ မတ်တပ်ရပ်နေရင်းဖုန်းပြောနေတဲ့ မောင့်ကို စက်ခွန်တချက်ကြည့်လိုက်၏
အောင်ဇေ ဆိုကတည်းက မျက်မှောင်ကကြုံ့စုနေတာပဲ အဟင်း တော်သေးတာပေါ့ သဝန်တိုတက်သေးလို့..

" ငါကိုစက် ကိုပြောစရှိလို့ အနားမှရှိရင် ဖုန်းတစ်ချက်လောက်ပေးလိုက်ပါလား "

စိတ်အနည်းငယ်အချည်ပေါက်သွားသည့်တိုင် မှိုင်းခ စိတ်မကြည်နိုင်တော့ပေ..

" ငါ့ကိုပြောထားလိုက် အစ်ကို ရေချိုးနေတယ်"

ရေချိုးနေသည်ဟုပြောသော မှိုင်းခ ကို စက်ခွန်ချက်ခြင်းမော့ကြည့်လိုက်တော့.. မောင်က မသိချင်ယောင်ဆောင်နေတယ်..
ဘာလဲဟု မေးဆက်ပြတော့လဲ ခေါင်းရမ်းပြသည် မောင်နဲ့ခက်ပါရဲ့..

" ကောင်းပြီလေ ပြောပေးမယ် "📱📱

" အောင်ကဘာတဲ့လဲမောင် "

ဖုန်းချသွားသည်နှင့် စက်ခွန်မေးလိုက်ခြင်း
ကုတင်ပေါ် ထိုင်ချကာ သူဆံပင်သူ ခေါင်းသုပ်နေတဲ့မောင်က ငါ့ကိုမသိချင်ယောင်ဆောင်နေတဲ့ပုံ..သဝန်တိုစရာမရှိသဝန်တိုနေတာ ခုပုံက ဘာပုံနဲတူနေလဲသိလား လူကောင်ကြီးပြီး အချော့ခံချင်နေတယ် ခလေးကုလားနဲ့.. ဟက်ဟက်

" နေတော့ကွာ မဖြေချင်လဲ "

လက်တော့ပ်ဘက်ပြန်အကြည့်ရောက်သွားခါမှ မှိုင်းခ ရဲ့နှခမ်းလေးတွေ ကွေးတက်သွားသည်..

" ဘာမှ မပြောဘူး နေ့ခင်းကြမှ ပြန်ဆက်လိုက်မယ်တဲ့ "

" အော်~~"

" အဲ့ကောင်နဲ့ သူငယ်ချင်းမလုပ်ပါနဲ့လား "

" ဟွန် သူငယ်ချင်းမလုပ်ရဘူး? "

DIRECTION OF TĤĒ MINĐ ❌❌Where stories live. Discover now