Part(36)

1.5K 96 14
                                    

Direction Of The Mind

​ဖျလတ်📸 ~~

" ဒါကို ပို့လိုက်ရဲနောင် လုပ်ရမယ့်ကိစ္စကို ပြန်အကြောင်းကြားလိမ့်မယ် "

coin ကလက်ထဲကအဖြူရောင်အထုပ်လေးကို တဖက်လူဆီကမ်းပေးလိုက်လျှင် တချက် ဘေးပတ်ဝန်းကျင်ကို အကဲခတ်ပြီးနောက် ထိုလူက coin လက်ထဲကအထုပ်ကိုပြောင်းယူလိုက်လေသည်။

" သေချာလုပ် မလွဲစေနဲ့ မင်းကိုစိတ်ချမယ် "

" ဟုတ်ကဲ့ "

ဖျလတ်📸~~

ထိုမြင်ကွင်းထဲက လူနှစ်ယောက်ဟာ ပစ္စည်းပို့ခြင်းပြီးသွားသည့်နောက် တယောက်တစ်လမ်းဆီ လမ်းလွှဲသွားကြသည်

Ring~Ring~

" ဟုတ်ကဲ့ သခင် "

" ပို့ခိုင်းတာ ပို့ပြီးပြီလား "

" ဟုတ်ကဲ့ ကျွန်တော်ခုပဲ ပို့လိုက်ပါပြီ ဒါနဲ့ သခင် ဘယ်ကနေ ဖုန်းဆက်နေတာလဲဟင် "

" စိတ်မပူပါနဲ့ ကိုယ်စိတ်ညစ်နေတာတွေဖြေဖျောက်လို့ရမယ့်နွေးထွေးတဲ့အိမ်လေးထဲမှာရှိနေတယ်ဟွန်းး  ထားပါ ကိစ္စထူးရင်
ကိုယ့်ဆီဖုန်းပြန်ဆက် ညနေကြရင် အိမ်မှာတွေ့မယ် "

" ဟုတ်ကဲ့ "

coin ကသက်ပြင်းလေးတချက်ရှိုက်ကာ လက်ကနာရီကို ကြည့်ပြီးနောက် ထိုနေရာက ထွက်ခွာသွားသည်။ ကြည့်ရပုံက အရေးကြီးကိစ္စရှိနေပုံပဲ..

.
.

အိမ်ကြီးရဲ့ တိတ်ဆိတ်နေမှုက ခြောက်ခြားစရာတစ်ခု ဖြစ်နေစေတာအမှန်..

ရှပ်👞
ရှပ်👞👞
ရှပ်👞👞👞
ရှပ်👞👞👞👞

တရှပ်ရှပ်မြည်နေတဲ့ ဖိနပ်သံက တိတ်ဆိတ်ခြင်းကိုဖြိုခွဲကာ..အေးစက်ခြင်းအမှုကိုပြုနေလေသည်။ ခြေလှမ်းတွေက..မီးဖိုခန်းဘက်ကို ဦးတည်နေလျှင်..

ဂျိမ်းး!
ကျွီ🚪~~

အမှောင်ခန်းထဲကို အလင်းတချို့က ဖြာထွက်လာရာ ..အညှီအဟောက် အနံ့အသက်ကနှခေါင်းထိပ်ဖျားဆီသို့ စူးကနဲ...
အထဲသို့ ဝင်လာသူကိုတချက်ကြည့်ပြီး မျက်နှာပြန်ငုံ့ကြသွားတဲ့ သူမ သည်အနည်းငယ် ထိတ်လန့်နေတယ်ဆိုပိုမှန်လိမ့်မည်။..
ခြောက်လှမ်းလာတဲ့ ခြေလှမ်းတိုင်းက သူမ ကိုခြောက်လှန့်နေသလား..သို့ပေမဲ့ ထိုခြေလှမ်းတွေက သူမဆီရောက်မလာခဲ့ချေ..ပြန်မော့ကြည့်မိလိုက်တဲ့အခါ..
သူဟာ ချောင်တစ်ချောင်မှာကပ်ပြီး ကုပ်ကုပ်လေးငြိမ်နေခဲ့တာကို မြင်ရလိမ့်မယ်..
ထောင်ထားတဲ့ ဒူးနှစ်ဖက်ကိုပိုက်ထားရင်း မျက်နှာကျတ် ကို တွေတွေလေးငေးနေသည့် မိုးည ဟာအရင်ကနဲ့လုံးဝမတူဘူး..ငြိမ်သက်တိတ်ဆိတ်နေတယ်မဟုတ်လား..ဒါသူ့ရဲ့ ပုံစံ မဟုတ်တာတော့ သေချာတယ်..

DIRECTION OF TĤĒ MINĐ ❌❌Where stories live. Discover now