Part(34)

1.5K 85 5
                                    

ပြာလွင်နေတဲ့ ကောင်းကင်☁☁
တိုက်ခတ်နေတဲ့ လေပြေတွေကြောင့်
ရွှေ့လျားနေကြသော တိမ်စိုင်တွေဟာ..လေယူရာ လွှင့်နေကြသည်။ ..ကောင်းကင်ပြာကြီးရဲ့အောက်မှာ ကျောခိုင်းကာ ရပ်နေကြသည့် ကောင်လေးနှစ်ယောက် ဟာလည်း ထိုပန်းချီကားချပ်ထဲက အသက်ဝင်ဆုံးလူသားနှစ်ယောက်ပဲမဟုတ်လား..
ခြံကြီးပတ်လည်တွင် မြက်ခင်းစိမ်းတွေက နေရာယူလျှက်ဘေးဘီတဖက်မှာ အပြာရောင်သမ်းနေသော ရေချိုးကန်ကြီးရှိလေတယ်..အင်းသိပ်ကိုလှပတဲ့မြင်ကွင်းလေးတစ်ခုပါပဲ သို့ပေတည်း ကောင်လေးနှစ်ယောက်ရဲ့မျက်နှာအမူအရာတွေမှာတော့ ခက်ထန်ခြင်းကို ကိုယ်စားပြုကာ တစိမ်းဆန်ခြင်းအမှုကိုပြုလေသည်။

" ဆိုပါအုံး ငါ့ကိုတွေ့ချင်တဲ့အကြောင်းက"

တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်သူက မိုးည

" ငါမင်းကို မေးချင်တာထက် သိချင်တာတွေရှိနေလို့ပါ "

အရှေ့က ကန်ရေပြင်ကိုသာတစိမ့်စိမ့် ကြည့်ရင်းစက်ခွန်ကအေးဆေးစွာ စကားဆိုတော့
မိုးည ဘာတစ်ခွန်းမျှပြန်မပြောသော်ငြား စက်ခွန် ဆိုလာမည်ကို နားထောင်နေမည်သာ

" မင်း မှိုင်းခ ကိုအဲ့လောက်တောင်ပဲချစ်တာလား အကြောင်းပြချက်တွေအားလုံးက မှိုင်းခ တယောက်အတွက် ကြောင့်ပဲလားဟွန် ငါသိချင်တယ်မိုးည  "

စက်ခွန် ဘာကိုဆိုလိုနေသလဲ မိုးည မသိပါ
မျက်မှောင်စုကြုံ့ရင်း စက်ခွန်ဘက် လှည့်ကာ

" ဘာကိုပြောချင်တာလဲ "

" ငါဘာကိုပြောချင်နေလဲဆိုတာ မင်တကယ်ပဲမသိဘူးလား "

မျက်နှာချင်းဆိုင် အနေအထားရောက်သွားသော သူနှစ်ယောက်ကြားမှာ လေပြေတွေကတိုးတိုက်လျှက်..
မိုးည ကနားမလည်သောမျက်ဝန်းတွေနှင့်ကြည့်နေသလို စက်ခွန်သည်လည်း ငါအားလုံးသိနေပြီဆိုတဲ့အကြောင်းအား မျက်ဝန်းတွေ၌စကားပြောနေခဲ့ကြသည်။..

" မင်းဘာတွေပြောနေတာလဲ ငါမှိုင်းခ ကိုချစ်တာ ဟိုးအရင်ကတည်းက ဒါကိုမင်းလဲသိနေတာပဲ ခုမှ ဘာတွေလာပြောနေတာလဲ "

" လွန်ခဲ့တဲ့ 7 နှစ် 8 နှစ်လောက်ကတည်းမှိုင်းခ အနားမှာမင်းရှိခဲ့တာပေါ့..ဒါဆို မင်း ဟန်နီချို ကိုလည်းသိမှာပေါ့နော် အဟင်း "

DIRECTION OF TĤĒ MINĐ ❌❌Where stories live. Discover now