Paet(29)

1.5K 99 1
                                    

" အစ်ကို့ မောင်ပြောတာနားထောင်ပါအုံး "

" ငါက ဘာကိုနားထောင်ပေးရမှာလဲ "

စံအိမ်ကြီး၏ အောက်ဆုံးထပ်တွင်အသံတွေကလွှင့်ပြန်နေခဲ့သည်။

" အစောကလူက ရူးနေတာ အစ်ကို့ ကိုသူပြောတာတွေတစ်ခုမှ မယုံပါနဲ့နော် "

ခါးထောက်ကာ ကျောပေးရပ်နေရင်းမှ မှိုင်းခ ဘက်လှည့်ကြည့်လာသည်

" ငါကရော ယုံပါတယ်ပြောမိလို့လားမောင်"

ငြိမ်သက်စွာ ထွက်ကျလာတဲ့စကားသံတွေက မှိုင်းခ မျက်နှာပျတ်ရွင်းသွားသည်အထိ..

" ကျွန်တော်..."

" ငါမယုံတာမို့ မင်းငါ့ကိုအသည်းအသန်ရှင်းပြဖို့မလိုဘူးထင်တယ်မောင်ရဲ့ မင်းရှင်းပြဖို့ကြိုးစားခါမှပဲ ငါမင်းကိုမယုံမကြည်ဖြစ်မိတော့မယ်နဲ့တူတယ်.."

"___________"

" ခဏလောက်အခန်းထဲမှာ တယောက်ထဲနေချင်လို့ မနှောက်ယှက်ပါနဲ့အုံးမောင် "

ရေးရေးလေးပြုံးပြရင်း သူ့ကိုကြည့်နေတဲ့ မောင့်ရဲ့ မျက်ဝန်းတွေအားရှောင်ရှားခါ လှေကားဘေးက အခန်းထဲသို့သာဝင်လာခဲ့၏။ လော့ချလိုက်ပြီးနောက်မှာ တံခါးကိုကျောမှီပြီး ကြမ်းပြင်ပေါ်တွင် ဖင်ထိုင်ချလေတော့သည်။
" မင်းညာနေတာသူပြောတာမယုံပါနဲ့လူလေး လူလေးမှာအန္ဓာရာယ်ရှိနေတယ်ဆိုတာသူလဲသိတယ် "
" ဒီအိမ်မှာ လူ သတ် သ မား ရှိတယ်"
" သူငါ့ကိုသတ်တော့မှာ ငါကြောက်တယ် ငါကြောက်တယ်!! "
အသံတွေကနားထဲမှာ ပလုံစီစွာပြန်ကြားယောင်လာရာ စိတ်ရှုပ်ထွေးမှုတွေကပို၍မြင့်တက်လာသလို အစကတည်းက ဖာသာမှာစိတ်ရောဂါရှိနေမှန်းရိပ်မိခဲ့ပေမဲ့ ဒီနေ့မှာတော့ သေချာသွားခဲ့ပြီ..သို့ပေမဲ့ သူအမှန်တွေပြောနေတာကိုတော့ ငါမငြင်းနိုင်ပေ ...ဖာသာကိုကြည့်နေတဲ့ မောင့်မျက်ဝန်းတွေထဲမှာလည်း စိုးရိမ်စိတ်တွေအပြည့်နှင့် အဲ့နေရာမှာ ငါတွေ့ခဲ့သည် ...ဘာကိုမပြောခိုင်းစေချင်နေတာလဲ?လူသတ်သမားတဲ့ အဲ့လူကဘယ်သူလဲ ဒီအိမ်မှာရှိတယ်ဆို..ငါဒီမှာ နေ နေတာပဲလနဲ့ချီနေပြီလေ..ပစ္စည်းတွေပြုတ်ပြုတ်ကျတက်တာကလွဲလို့ ထိုအိမ်ကြီးထဲမှာ ငါနဲ့မောင်နှစ်ယောက်ထဲရယ်ပါ...ဒါမှမဟုတ် ပစ္စည်းတွေကွဲတာ ပန်းအိုးရုတ်တရက်ကျကွဲတာ ရေချိုးသံတွေကြားခဲ့တာက အဲ့ဒိလူဖစ်နေမလား ...

DIRECTION OF TĤĒ MINĐ ❌❌Where stories live. Discover now