Part(25)

1.8K 122 3
                                    

❌Direction Of The Mind❌

" ငယ်...,"

အသံလာရာ နှစ်ယောက်အတူ ပြိုင်ကြည့်မိလိုက်တဲ့အချိန် မျက်မှောင်ကြုံ့မိသူက စက်ခွန်..

" အော.. စက်ခွန်လဲ ရှိနေတာပဲ "

" မင်းက ငါ့ဆီလာတာမဟုတ်ဘူးလား "

" အဟင်း မနေ့ကတောင်လာတယ် မင်းတို့နှစ်ယောက်ထဲအခန်းထဲမှာ ကြည်နူးနေကြလို့ တမင်ဝင်မလာတာငါ့ကြောင့်အနှောက်ယှက်ဖြစ်နေမှာစိုးတယ်လေကွာ ခုရော စကားပြောလို့ရရဲ့လား "

" ခွေးကောင် ကိုယ့်သူငယ်ချင်းကိုဘယ်လိုတွေပြောနေတာလဲ စကားပြောဖို့ကို ခွင့်တောင်းစရာလိုသေးလို့လား "

ရယ်မောနေကြတဲ့ သူငယ်ချင်းနှစ်ယောက် စနောက်နေကြပုံက လူအများအမြင်မှာ တော့ သိပ်ချစ်ကြတဲ့အရင်နှီးဆုံးသူငယ်ချင်းတွေပေါ့..သို့ပေမဲ့ အတွင်းကျကျသိနေတဲ့ ကိုမိုးည စိတ်ကိုတော့ ကျွန်တော်တယောက်ထဲသိနေတာမို့ ဒီမြင်ကွင်းကို ဆက်မမြင်ချင်ပါ

" အစ်ကို မောင်Dr. နဲ့စကားပြောစရာရှိလို့ အရင်သွားလိုက်မယ် "

" အင်းအင်း ငါ မိုးည ကိုလိုက်ပို့ခိုင်းလိုက်မယ် စိတ်မပူနဲ့နော် "

ခေါင်းတစ်ချက် ငြိမ့်ပြပြီး လှည့်ထွက်သွားမဲ့အချိန်လေးမှာ မိုးည ကိုကြည့်သွားတဲ့ မောင့်ရဲ့အကြည့်တွေက မလိုသလို..အဲဒါဘာအဓိပ္ပါယ်လဲ..

" တော်တော်ဖြစ်နေကြတယ် ငါ့ရှေ့တောင်မရှောင် "

" ဟားဟား ဘာလဲ မနာလိုဖြစ်နေတာလား ငါ့လိုဂရုစိုက်ပေးမဲ့ ဘဲမရှိတော့ လေ "

" ဟုတ်တယ် မနာလိုဘူး "

" ဟားဟား "

" ဟား ဘဲရှိတော့ ပြောထားအုံးပေါ့ကွာ"

" မင်းလဲတွေ့တော့ မှာပါကွ မင်းကိုအရမ်းချစ်တဲ့ကောင်မလေးမျိုးလေ အဟင်း "

" ငါလဲမင်းလို အချစ်ခံချင်လိုက်တာ မွေးကတည်းက ငါက အချစ်ခံရဖို့ မထက်တန်ဘူးထင်တယ်စက်ခွန် ငါချစ်တဲ့သူတွေက ငါ့ကို မချစ်ကြဘူး ဒါကြောင့် ငါပျော်နိုင်သလောက်ပျော်ပျော်နေတာ "

DIRECTION OF TĤĒ MINĐ ❌❌Where stories live. Discover now