Part(35)

1.6K 99 17
                                    

ခြံကြီး၏ ပတ်လည်တွင်  လက်ချင်း အတူယှဥ်တွဲလျှောက်နေကြသည့် ထိုသူနှစ်ဦးရဲ့အပြုံးတွေဟာ ချစ်ခြင်းမေတ္တာတွေနှင့်ပြည့်စုံနေသလားပဲ သူတို့ကိုကြည့်မိတဲ့သူတိုင်းအေးချမ်းမှာအမှန်ပါလေ လည်ပိတ်ဆွယ်တာခဲရောင်လေး ကိုနှစ်ယောက်ဆင်တူ ဝတ်ထားကာ အပေါ်၌ ပုဇွန်စီအဖျော့ရောင် ကုတ်အရှည်ကိုထပ်ဝတ်ထားကြသည်မို့ လိုက်ဖက်လို့နေလေရဲ့..တ​ဖြည်းဖြည်း ​ခြံကြီးရဲ့ အစွန်ဖျားပိုင်းသို့ လျှောက်လှမ်းလာကြပြီးသည့်နောက်မှာ..ခြောက်ကမ်းပါးတစ်နေရာသို့ရောက်လာကြသည်။ ထိုအိမ်၏တည်နေရာသည် တောင်ကုန်းကြီးတစ်ခုပေါ်၌ တည်ရှိပြီး လူခြေတိတ်တဲ့ အေးချမ်းသော နေရာလေးလည်းဖြစ်နေခဲ့၏  ခြောက်ကမ်းပါး၏မလှမ်းမကမ်းကနေတဖက်သို့ ကြည့်လျှင် အဖြူရောင်တွေပြည့်နေတဲ့ မြူတွေကို တွေ့ရလိမ့်မည်။ ဆောင်းရာသီမို့လို့လားမသိဘူး..နှင်းစ လေးတွေတောင်တချက်တချက် ကျနေလေရဲ့..အို သိပ်လှတဲ့မြင်ကွင်းလေးတစ်ခုပါပဲ  ဒီလိုမနက်ခင်းလေးမှာဒီလိုပြည့်စုံတဲ့မြင်ကွင်းလေးနဲ့ အနားမှာရှိနေပေးတဲ့ ချစ်ရသူ ရှိနေပြီကြောင့် အရာရာပြည့်စုံလို့နေပါပြီ..ကျန်တာဘာမှ မလိုအပ်တော့ပါဘူးလေ..

" အိပ်ချင်ပြေသွားပြီလား "

မှိုင်းခ ကရယ်မောကာ စနောက်မေးတော့ စက်ခွန်က သွားလေးတွေပေါ်သည်အထိ သဘောတကျရယ်ပြသည်။ အနွေးထည်အုတ်ထုပ်ကြားမှ ပေါ်နေသော ဖြူဖြူလုံးလုံး မျက်နှာလေးက ရာသီဥတုအေးဒဏ်ကြောင့် အနည်းငယ်နီစပ်စပ်နှင့်..နှာသီးဖျားလေးတွေကစလို့ ပန်းရောင်သမ်းနေလေသည်..

" အရမ်း အေးနေလား မောင်တို့အထဲဝင်ရအောင်လေ "

" ဟွန့်အင် ငါမောင်နဲ့ နှစ်ယောက်အတူ နေထွက်တာကြည့်ချင်သေးတယ် ငါ့ကိုသာ ဖက်ထားပေးနော် "

ရင်ခွင်ထဲတွင် သိမ်းကြုံးဖက်ထားရင်း အအေးဒဏ်ကို အံတုကာ နေထွက်လာသည်အထိ သူတို့နှစ်ဦး ထိုခြောက်ကမ်းပါးလေးထိပ်မှာ အတော်ကြာနေဖြစ်ခဲ့ကြလေသည်။..
နေလုံးအနီရောင်ကြီးထွက်လာသည့်တိုင် သူတို့ထိုနေရာလေးမှာ မလှုပ်မယှက်ဖြစ်တည်လေရဲ့..ဘာရယ်မဟုတ်ပဲ..နေမင်းကြီးကိုမြင်တော့ တယောက်သောသူရဲ့စကားကိုပြန်ကြားယောင်ခဲ့မိပြန်တယ်..

DIRECTION OF TĤĒ MINĐ ❌❌Where stories live. Discover now