အပိုင်း - ၀၃ / အပိုင္း - ၀၃

1.2K 252 13
                                    

⟨ Unicode ⟩
𝗕𝗹𝘂𝗲 𝗕𝗹𝗼𝗼𝗱

အပိုင်း ၀၃
************

" .... "

တံခါးပေါက်မှာထိုင်ချလိုက်တာနဲ့ ဘေးနားမှာအင်္ကျီလာဆွဲတဲ့ကောင်လေး ။ နမ်ဂျွန်းလှည့်ကြည့်လိုက်တော့ ‌ကောင်လေးရဲ့ကြည်လဲ့နေတဲ့မျက်ဝန်းတွေက သူ့လက်မှာကိုင်ထားတဲ့ကန်စွန်းဥပူပူနှစ်ခုဆီကို...။

" ဘာလဲ စားချင်လို့လား မင်းက "

သူ့‌အမေးကို ကောင်လေးကခေါင်းပြုတ်မတတ်ငြိမ့်ရင်းဖြေတော့ အစ်ကိုကြီးမှာခဲ့တဲ့အတိုင်း ကန်စွန်းဥ တစ်ခုကို လှမ်းပေးလိုက်သည်။

" ‌ကုကု...  ရော့ စား ပြီးရင် ငါနဲ့ အလုပ်လာဝိုင်းကူ အစ်ကိုကြီးက လွတ်ထားပေမဲ့ ငါကတော့ ခိုင်းမှာ "

ကန်စွန်းဥပူပူကိုလှမ်းပေးရင်း ပြောတော့ ထိုကောင်လေးက ကန်စွန်းဥပူပူကိုသေချာကြည့်ကာ လက်ညှိုးနဲ့လက်မကိုသုံးပြီး ကိုင်လိုက်သည်။

" အား... ပူတယ် ပူတယ် ပူတယ်လို့ "

ပူသွားလို့ ကန်စွန်းဥကို ပစ်ချလိုက်တဲ့ပုံက တကယ့်ကိုချစ်စရာကောင်းနေတာမို့ နမ်ဂျွန်း အော်ရယ်မိသည်။

" ဟား... ဟား... ဟား... မင်းကွာ ယောင်္ကျားလေးဖြစ်ပြီး ဒီလောက်နုရွနေရလား "

သူအော်တော့ ကုကုဆိုတဲ့ကောင်လေးက မျက်နှာကြီးရှုံ့မဲ့လာသည်။

" ခင်ဗျားက လူဆိုးကြီး ကိုကိုလိုလဲမဟုတ်ဘူး ကိုကိုက ကုကုကိုတခါမှ မအော်ဘူး "

နားကွဲမတတ်ဘေးနားကနေအော်တော့ နမ်ဂျွန်းနားတွေအူလည်သွားရသည်။

စူးလိုက်တဲ့အသံ။

" မကျေနပ်ဘူး ခင်ဗျားကို ကိုက်သတ်ပစ်မယ် "

ပြောလဲပြော သူ့လက်တစ်ဖက်ကို ဆွဲယူကာ အားရပါးရကိုက်ပစ်လိုက်တဲ့  ကောင်လေးကြောင့်  နမ်ဂျွန်း အလန့်တကြား ကောင်လေးကို အနားကနေကန်ထုတ်လိုက်သည်။ သွားရာက လက်မှာအကွင်းလိုက်။

THE IMMORTAL; BLUE BlOOD【Completed】Where stories live. Discover now