အပိုင်း - ၂၂ / အပိုင္း - ၂၂ 【EPILOG】

1.8K 216 80
                                    

⟨ Unicode Version ⟩
𝗕𝗹𝘂𝗲 𝗕𝗹𝗼𝗼𝗱 22
EPILOG
********

အီဒယ်ပြည်ထောင်စု ဒယ်ဂွမ်ဘုရင်နတ်ရွာစံအပြီး သမိုင်းသစ်ကို ‌စိုက်ထူနိုင်ခဲ့ဘုရင် ဒယ်ဂျင်...။ လူသားတွေရဲ့ပါးစပ်ဖျားရာဇဝင်သမိုင်းကြောင်းအရ နတ်ပုလဲကို မဟာကင်မျိုးနွယ်ထံပြန်လည်ပေးအပ်နိုင်ခဲ့ပြီး အကျင့်ပျက်ခြစားနေတဲ့ အမတ်ချုပ်ကြီးလီအပြင် အာဏာအလွဲသုံးစားလုပ်လေ့ရှိတဲ့ဒယ်ဗြောင်အုပ်စုကိုလည်း နှိမ်နင်းနိုင်ခဲ့သည်။ ကွဲပြားနေတဲ့တောင်မြောက်အုပ်စုတွေကိုလည်း ပြန်လည်ပေါင်းစည်းနိုင်ခဲ့သလို မဟာကင်ကင်မျိုးနွယ်စုနဲ့လည်း ဆက်ဆံရေးပိုမိုတိုးတက်ခဲ့သည်။ ရှစ်ဆက်မြောက် ဒယ်ဂျင်လက်ထက် အီဒယ်ပြည်ထောင်စုကြီးဟာ ပိုမိုတိုးတက်စည်ကားလာပြီး မကောင်းတဲ့ဘေးအန္တရာယ်တွေကျရောက်ခြင်းလဲမရှိ။ မင်းကျင့်တရားဆယ်ပါးနဲ့အညီအုပ်ချုပ်ပြီး ပြည်သူတွေဘက် အမြဲတမ်းရပ်တည်ခဲ့တဲ့ပြည်သူချစ်မင်းကောင်းမင်းမြတ်တစ်ပါးဖြစ်ခဲ့သည်။

သို့ပေမယ့် ... ခြွင်းချက်အနေနဲ့ ထို ဒယ်ဂျင်မင်းမြတ်ထံတွင် မိဘုရားတစ်ပါးမျှမရှိသလို ကြင်ယာတော်၊ ကိုယ်လုပ်တော်လည်း တစ်ပါးမျှမရှိ။ အရင်မင်းဆက်ဒယ်ဂီရဲ့တော်ဝင်သွေးကိုသာ အိမ်ရှေ့စံလို့သတ်မှတ်ခဲ့ပြီး မိဘုရားခေါင်ကြီးအဖြစ် ထိုဒယ်ဂီမင်းရဲ့မိဘုရားကိုသာ ခန့်အပ်ကာ အစ်မတော်တစ်ယောက်လို အလေးထားဆက်ဆံသည်။ ပြည်သူအားလုံးက တော်ဝင်သွေးတစ်ပါးတည်းသာရှိသည်မို့ စိုးရိမ်ကြီးနေကြပေမယ့် ထိုမင်းမြတ်ဒယ်ဂျင်ကတော့ ရှေ့အနာဂတ်တွေကို ကြိုမြင်သလိုမျိုး ဘာမှ စိုးရိမ်ပူပန်ခြင်းမှ မရှိခဲ့ပေ။

အဲ့ဒီလိုပဲ ကောလဟာလအဖြစ် ကျော်ကြားပျံ့နှံ့နေခဲ့တာက ဆယ်ဟွာပုံပြင်အပြင် ဘုရင်မင်းမြတ်နဲ့ ပဝါဖုံးထားတဲ့ကောင်လေးဇာတ်လမ်း။ ထိုဇာတ်လမ်းတွေကလည်း ဟန်ယန်းမြို့ဈေးထဲ၊ ပြဇာတ်ရုံတွေထဲ ထင်ရှားကျော်ကြားလွန်းလှသည်။ ဝမ်းနည်းဖွယ်ဇာတ်လမ်းလေးတွေဖြစ်ခဲ့ပေမယ့် ရိုးရာပုံပြင်တွေလို အဆင့်ဆင့် လက်ဆင့်ကမ်းကာ ‌ပြန်ပြောင်းပြောကြရင်း အခုဆို သက္ကရာဇ်တစ်ခု ကြွင်းလာပေပြီ...။

THE IMMORTAL; BLUE BlOOD【Completed】Where stories live. Discover now