Following Episode

1K 171 56
                                    

⟨ Unicode Version ⟩
【 Following Episode 】

“ အချိန်အခါအားဖြင့် ဒယ်ယုံးခေတ် .... အခုဂျိုဆွန်းကနေ စပြီး ရေတွက်မယ်ဆိုရင် လွန်ခဲ့တဲ့နှစ်တစ်ရာ... အဲ့လိုအချိန်အခါတုန်းက အခုဂျိုဆွန်းက ဂျိုဆွန်းမဟုတ်ဘဲ အီဒယ်ပြည်ထောင်စုကြီးပေါ့ ~~~ နတ်ဘုရားတွေနဲ့ လူသားတွေ သီးသန့်မဆန်ဘဲ တွေ့ဆုံခွင့်ရှိကြတဲ့ထူးမြတဲ့အခါကာလလေးပေါ့ ... အဲ့ဒီလိုကာလလေးမှာ ပြည့်ဝနေတဲ့လမင်းကြီးက ထိန်ထိန်သာပြီး တိုင်းပြည်တစ်ခွင်လုံးကို ငွေရောင်အမှုန်တွေနဲ့ နတ်ဘုရားတစ်ပါးက ထွန်းလင်းထားစေခဲ့တယ်... သုံးလောကအကျိူးသယ်ပိုးပြီး စိတ်ထားကောင်းမွန်တဲ့ နတ်ဘုရားတစ်ပါးပေါ့ ... အဲ့ဒီ့ထူးမြတ်တဲ့နတ်ဘုရားဟာ အဘက်ဘက်က ပြည့်စုံနေတယ်ဆိုပေမယ့် ကံမကောင်းတာက မိစ္ဆာတစ်ကောင်ကို ချစ်မိသွားတာပဲ ... မိစ္ဆာကောင်က နတ်ဘုရားဆီက ထူးမြတ်တဲ့အမြုတေကို ခိုးယူဖို့အတွက် နတ်ဘုရားကို မာ‌ယာကျော့ကွင်းတွေနဲ့ ချစ်မိလာအောင်လုပ်ခဲ့တယ် ... "

သံရှည်ဆွဲပြီးပြောနေတဲ့ လူကြီး တစ်ခဏမျှရပ်သွားသည်ဆိုရင်ဘဲ ဝိုင်းအုံနားထောင်နေတဲ့လူတွေက လှုပ်လှုပ်ရွရွဖြစ်လာသည်။

" ဘာလဲ နတ်ဘုရားက မသိဘူးလား ... "

" နတ်ဘုရားဖြစ်ပြီး တစ်ဖက်ကမိစ္ဆာလိမ်နေတာကို မသိဘူးလား "

မကျေမနပ်တစ်ယောက်‌တစ်ပေါက် ထွက်လာပေမယ့် ထိုလူကြီးကတော့ နှုတ်ခမ်းမွေးတွေသပ်ကာ စကားကိုဆက်သည်။

" သိတာပေါ့ နတ်ဘုရားက သူ့ကိုလိမ်နေတာသူသိတာပေါ့ ဒါပေမဲ့ ... သိသိချည်းနဲ့ အလိမ်ခံခဲ့တယ် ... ဘာဖြစ်လို့လဲ သိလား "

အသံအနိမ့်အမြင့် မှန်စွာနဲ့ နားထောင်သူတွေကို ဆွဲဆောင်လေတဲ့ ထိုလူကြီးက မေးခွန်းထုတ်တော့ ကျန်တဲ့သူတွေ အာရုံက ပိုပြီး စိတ်ဝင်စားသည်ထက် စိတ်ဝင်စားလာရတော့သည်။

" ဘာဆက်ဖြစ်လဲဗျ ပြောပါဦး ... "

" ဘာဆက်ဖြစ်သွားသေးလဲ နတ်ဘုရားက သိသိချည်းနဲ့ဆိုတော့ အရမ်းချစ်သွားလို့လား "

THE IMMORTAL; BLUE BlOOD【Completed】Where stories live. Discover now