အပိုင်း - ၁၂ / အပိုင္း - ၁၂

961 212 22
                                    

⟨ Unicode Version ⟩
𝗕𝗹𝘂𝗲 𝗕𝗹𝗼𝗼𝗱
အပိုင်း ၁၂
***********

မနက်ခင်းတေးသီငှက်တစ်ချို့ရဲ့အသံတွေက နားထဲ သာယာစွာ ယှက်ကူးနေသည်။ ခပ်ပြေပြေလေညင်းတွေက အဆောင်တော်တွင်း ညင်သာစွာတိုက်ခတ်နေသလို အဆောင်တော်ရဲ့အဝမှာ ချိတ်ဆွဲထား ခေါင်းလောင်းသံလေးကလည်း နားဝင်ချိုစွာ ...။

သက်တောင့်သက်သာအနေအထားဖြစ်နေသည်မို့ ထယ်ယောင်း အကြောတွေဆန့်ကာ အိပ်ယာထက် ထထိုင်လိုက်မိသည်။

" ကြင်ယာတော် ယူဂွမ် နိုးပါပြီလား အရှင် "

ကြားလိုက်ရတဲ့ အသံစိမ့်စိမ့်ကြောင့် လန့်ကာ မျက်ဝန်းတွေဖွင့်ပြီး ဘေးနားပတ်ဝန်းကျင်ကို စူးစမ်းကြည့်လိုက်သည်။ မွှေးပျံ့နေတဲ့ရနံ့တွေနဲ့အတူ ခမ်းနားတဲ့အဆောင်တော်အပြင် ခစားနေတဲ့ ရံခြွေတော်တွေကို မြင်လိုက်ရတာမို့ အလိုလိုသိမိတာက နန်းဆောင်တစ်ခုဆီရောက်နေပြီဆိုတာ ... ။

အဲ့ဒီ့လိုပဲ သူ ချက်ချင်းသတိရမိတာက ဂီ!! မနက်နိုးလာရင် အနားမှာ ရှိနေပေးမယ်လို့ ကတိပေးခဲ့တဲ့ဂီ !! ဘယ်ရောက်သွားတာလဲ !! မဟုတ်မှ သူ့ကိုလိမ်နေတာလား !! မဟုတ်ရင် သူ့ကိုလိမ်ခဲ့တာလား !!

ရင်တွင်းဝေဒနာတွေက တိုးလာတော့ ကုတင်ပေါ်ကနေ ခြေချလိုက်မိသည်။ ခန္ဓာကိုယ်ပေါ်မှာ ဖြူလွှလွှဝတ်ရုံတော်တစ်ခုသာရှိပေမယ့် သူ ဘာကိုမှ ဂရုမစိုက်ဘဲ အခန်းအပြင်ကို ပြေးထွက်မိသည်။

" အရှင် ဘယ်ကို သွားတော်မူဖို့ပါလဲအရှင် ဒီလိုမပြုသင့်ပါဘူးအရှင် ... "

နောက်က ရံခြွေတော်တွေလိုက်လာကြပေမယ့် ဂီ့ကို မတွေ့ရဘဲ ဒီအကျဉ်းခန်းလို နန်းတော်ထဲရောက်လာသည်ကိုက သူ့အတွက် ခြောက်ခြားစရာလို ခံစားရသည်။ သူ့ကို ဂီ လိမ်ညာမှာ သိပ်ကြောက်သည်။ ထို့ကြောင့် ဝတ်ရုံတော်ကို မ,ကာ အဆောင်တော်တွင်း ပြေး‌ထွက်မိသည်။ ပါးပြင်တစ်လျှောက် မယုံကြည်နိုင်မှု မျက်ရည်တွေ စီးကျနေသည်။

" အရှင် မပြေးပါနဲ့တော့ ခိုက်မိကုန်ပါမယ် အရှင် ... "

THE IMMORTAL; BLUE BlOOD【Completed】Where stories live. Discover now