အပိုင်း - ၁၇ / အပိုင္း - ၁၇

932 192 21
                                    

⟨ Unicode Version ⟩
𝗕𝗹𝘂𝗲 𝗕𝗹𝗼𝗼𝗱
အပိုင်း ၁၇
************

အီဒယ်ပြည်ထောင်စု ...။
ဂျီဂျောင်းအဆောင်တော် ....။

" သခင် ...  အခုထက်ထိ စောင့်ရှောက်သူမျိုးနွယ်ဆီက အကြောင်းကြားစာ မရောက်သေးပါဘူး ... အဲ့ဒီလိုပဲ နတ်မျိုးနွယ်ဝင်ဖြစ်တဲ့ မဟာကင်မျိုးနွယ်ဆီကလည်း ဘာအကြောင်းမှ မပြန်သေးပါဘူး "

ဟိုလီရဲ့လျှောက်ထားချက်ကို ယွန်ဂီအရေးမစိုက်စွာ ပြုံးလိုက်သည်။

" ပြည်ထောင်စုတစ်ခုလုံးက လူသားတွေရဲ့အသက်နဲ့ခြိမ်းခြောက်ထားတာတောင်မှလား ... ရတယ်လေ ... အဲ့ဒါဆိုရင် မိုးနည်းနည်းသည်းအောင် လုပ်လိုက်ဦးမယ် "

ပြောပြောဆိုဆို ယွန်ဂီ အတွင်းအားတစ်ချို့ထုတ်သုံးကာ အတားအဆီးတွေချိုးဖြတ်ပြီး မိုးနတ်သားကို ဆင့်ခေါ်လိုက်သည်။ မိုးနတ်သားရဲ့ဝိညာဉ်ကို သူ ဖမ်းထားခဲ့သည်မို့ လိုသလို စေလို့ရနေတာ ဖြစ်သည်။ ဟွာလေးကို သူ့ဆီမအပ်ရင် အီဒယ်ပြည်ထောင်စုက လူသားတွေအကုန်သေဆုံးစေမှာလို့ သူ အကြီးအကဲကိုပြောခဲ့သလို ... ဂျီဂျောင်းအဆောင်တော်ဆီရောက်အောင် ဘယ်လိုအသွင်နဲ့လာရမလဲဆိုတာလဲ ဟွာလေးဆီမှာ စာထားခဲ့ပြီးပြီဖြစ်သည်။ အခုထက်ထိတောင် ရောက်မလာသေးတဲ့သဘောက အကြီးအကဲကင်ရဲ့အမိန့်ကို စောင့်နေတာလား ဒါမှမဟုတ် ဟွာက သူ့ကို စွန့်လွှတ်ပြတ်သားလိုက်တဲ့သဘောလား ... သူ မသိသေးပါ ...။

" အရှင့်ရဲ့စေခိုင်းချက်အတိုင်း မိုးသည်းထန်မှုကိုအရှိန်မြှင့်လိုက်ပါပြီအရှင် "

ကြောက်ရွံ့စွာ လျှောက်တင်တဲ့မိုးနတ်သားရဲ့စကားကို လျစ်လျူရှုပြီး သူ ထွက်သွားစေလိုက်သည်။

ဟွာလေးကို သူအပိုင်လိုချင်တာ အားလုံးက အမြုတေကြောင့်လို့ ထင်ကြပေမယ့် အဲ့ဒီလိုမဟုတ်။ ဟွာလေးကို ချစ်လွန်းလို့အပိုင်လိုချင်တာပဲဖြစ်သည်။ ရှင်းလေရှုပ်လေ‌မို့ ထိုပြသနာတွေကိုမရှင်းတော့ဘဲ သူလိုချင်တဲ့အရာကိုသာ မရရတဲ့နည်းနဲ့အပိုင်ယူတော့မှာဖြစ်သည်။ ဘယ်သူ့ကိုမှအကြောင်းပြချက်ပေးစရာမလို။

THE IMMORTAL; BLUE BlOOD【Completed】Where stories live. Discover now