အပိုင်း - ၀၇ / အပိုင္း - ၀၇

999 217 11
                                    

⟨ Unicode Version ⟩

" ထယ်ယောင်း ... ထယ်ယောင်း ... "

အိပ်နေရင်းနဲ့မှ လှုပ်နှိုးတဲ့အသံကြောင့် ထယ်ယောင်းမျက်ဝန်းတွေပွင့်သွားသည်။ မြင်လိုက်ရတာက ဂီ။

  ချက်ချင်း သူထကြည့်မိတော့ ‌အေးလွန်းသည့်ခံစားချက်က တိုးဝင်လာသည်။

" ယောင်း မိုးရွာနေတယ် ... အဲ့ဒါကြောင့် ဂူထဲ ရေဝင်လာပြီ "

" ဘာ "

အံ့ဩခြင်းနဲ့အတူ ထယ်ယောင်း ဂူအဝဆီကြည့်မိတော့ တဖြည်းဖြည်းစိမ့်ဝင်လာတဲ့ရေတွေက သူအိပ်နေတဲ့ အထက်ပိုင်း ကျောက်ဖျာထက်ထိ ရောက်တော့မလိုပင်။


" ရေတွေ ဝင်ဝင်ချင်း ဘာလို့မနှိုးတာလဲ ... အခုမှ ဘာဖြစ်လို့...... ထားတော့ ... ဒီထဲကနေထွက်ရအောင် ဂီ "

ထယ်ယောင်းအပြစ်တင်စကားဆိုချင်ပေမဲ့ ဒီအချိန်မှာ အပြစ်တင်လဲ မထူးတာ သိသည်မို့  ဂူအပြင်ထွက်ဖို့သာ ဦးတည်လိုက်သည်။

" ထွက်လို့မရဘူး ယောင်း ~~~ အပြင်မှာ မိုးအရမ်းသည်းနေတယ်  .... မိုးခိုမယ့်နေရာမရှိတဲ့အပြင် မင်းဖျားလိမ့်မယ် ပြီးတော့ မင်းရင်ဘတ်ကဒဏ်ရာ!! ‌အရှင်းကြီးမပျောက်သေးတာမို့လို့ တညလုံး မိုးရေထိလို့မရဘူး  "


" ဒါဆို ဘယ်လိုလုပ်မလဲ ဂူထဲရေပြည့်ပြီး သေစေချင်လို့လား ပိတ်မိနေရင် ပိုပြီးထွက်မရဘူးနော် ဂီ "

" စိတ်ချ ... ရေက အပြည့်ဝင်နိုင်မှာမဟုတ်ဘူး .. ဒီဂူရဲ့အနေအထားက အထဲဘက်မတ်ပြီး အပြင်ဘက်ကို လျောသွားတာလေ ပြီးတော့ အခုက မိုးရွာသင့်တဲ့အချိန်မဟုတ်ဘူး  အဲ့ဒီ့တော့  မိုးက အရမ်းမသည်းနိုင်တဲ့အပြင် ရေဝင်လာရင်တောင် ဂူမပြည့်ဘူး "


ဂီရဲ့စကားကို သူမယုံသင်္ကာသလိုကြည့်လိုက်မိသည်။

" စိတ်မပူနဲ့ ယောင်း ... ကိုယ်သေရင်တောင် မင်းကိုပဲ ကာကွယ်ပေးမယ် "

THE IMMORTAL; BLUE BlOOD【Completed】Where stories live. Discover now