အပိုင်း - ၀၆ / အပိုင္း - ၀၆

1.2K 229 12
                                    

⟨ Unicode ⟩
𝗕𝗹𝘂𝗲 𝗕𝗹𝗼𝗼𝗱

အပိုင်း ၀၆
***************

" ကဲ ကြည့်ရအောင် ... ပါလာသေးလား ... ကျွန်တော်မှာတာတွေ "

အနောက်တိုင်းလှေတွေဆီက လှေကပ်တာနဲ့ ရင်းနှီးနေတဲ့ ဂျိုး ဆိုတဲ့လူကြီးဆီ ဆော့ဂျင်ပြေးသွားမိသည်။

" ပါလာပါ့ဗျာ ... ဒါပေမဲ့ ခင်ဗျား သတိတော့ထားရမယ် ... ဘာဖြစ်လို့လဲဆိုတော့ လူသိပ်မသုံးလို့လေ .. "

" ဟား ဟား .. မှာထားတာရရင် အဆင်ပြေပါပြီ ... "

" ဟုတ်ပြီကွ ... ဒီထဲမှာရှာကြည့် ... ကျုပ်တို့ပြည်မှာ သုံးတဲ့ပိုက်ကွန်အမျိုးအစားပဲ ခင်ဗျားတို့ထက်ပိုခိုင်ခံ့ပြီး အသုံးပြုရလွယ်တယ် .. ပြီးတော့ ခင်ဗျားပြောတဲ့ အပ်ချောင်းတွေရောပါတယ်... "

မှာလာတဲ့ပစ္စည်းတွေကို ဆော့ဂျင်စစ်ကြည့်ရင်း နားထောင်မိသည်။

" အာ ဒါနဲ့ လူကြီးမင်းဂျိုး ... ခင်ဗျားပြောတဲ့ဟိုတစ်ခါက ရေနစ်ရင်အသက်ကယ်နည်းလေ... တကယ်ကိုအလုပ်ဖြစ်တယ် ... သိလား "

" ဟုတ်လား .. ကျုပ်ပြောသားပဲ ခင်ဗျားတို့လူတွေက မယုံကြတာ ပြောပါဦး "

" ဟုတ်တယ် အဲ့ဒ့ါနဲ့ကောင်လေးတစ်ယောက်ကိုကယ်ခဲ့တာ အလုပ်ဖြစ်တယ် "

" ကြားရတာဝမ်းသာပါတယ် ... ပြီးတော့ ဒီနေ့ စောစော ကမ်းကပ်တာမို့ အချိန်သိပ်မရဘူး ဟန်ယန်းဆိပ်ကမ်းကို နေမဝင်ခင်ရောက်အောင်သွားရမှာ .. အဲ့ဒီတော့ ကျုပ်ပစ္စည်းတွေမှာထားတဲ့လူကို ခင်ဗျားပို့ပေးနိုင်မလား ဂျင် "

" ဟာ ရတာပေါ့ ... ဒီလိုနေရာမှာ ကျွန်တော်ကအကောင်းဆုံးမလား ..ဒါနဲ့သိလို့ရမလား ... ပုံမှန်ထက်ကို အစောကြီးကမ်းကပ်နေတာ ကျွန်‌တော်‌တောင် ဒီနေ့ အိမ်ပြန်မိုးချုပ်မယ်ထင်နေတာ အခု... နေ့လည်တောင်မကူးသေးဘူး "

ထိုစကားကြောင့် ဂျိုး ဆိုတဲ့မျက်နှာဖြူကုန်သည်က အသံတိတ်သွားပြီး သူ့နားကပ်လာသည်။

THE IMMORTAL; BLUE BlOOD【Completed】Where stories live. Discover now