အပိုင်း - ၁၅ / အပိုင္း - ၁၅

894 197 31
                                    

⟨ Unicode Version ⟩
𝗕𝗹𝘂𝗲 𝗕𝗹𝗼𝗼𝗱
အပိုင်း ၁၅
************

ရင်ဘတ်ရဲ့ စူးနစ်မှုကြောင့် ညအလယ်မှာ ယွန်ဂီ ရုတ်တရက် နိုးလာမိသည်။ ဆိုးဆိုးရွားရွား နာကျင်လွန်းသည်မို့ အသံမထွက်မိအောင် တင်းခံရင်း စိတ်ကိုဖြေလျော့လိုက်မိသည်။ ဘေးနားက ချစ်ရသူကိုကြည့်တော့ အိပ်မောကျနေသေးသည်။ ဘာကြောင့်များ သူ နာကျင်နေရတဲ့အဖြေကို စဉ်းစားမိတော့ လရောင်အောက်မှာ ဖျော့တော့တော့လင်းလက်နေတဲ့အလင်းတစ်ခုကို သူတွေ့သည်။ ထိုအရာက ချွတ်ထားတဲ့ ထယ်ယောင်းရဲ့ခါးစည်းကပင်။ ထယ်ယောင်းမနိုးအောင် ‌ခါးစည်းအောက်က လင်းနေတဲ့ကျောက်လေးကို သူယူကြည့်လိုက်မိသည်။ ထိုကျောက်နဲ့ သူ့လက် ထိကပ်သွားတဲ့ တခဏတာမှာ ပူလောင်မှုတစ်ခုက နင့်ဝင်လာသလို ခေါင်းကလည်း မိုက်ကနဲ့။ အသိတွေကိုပြန်ထိန်းတော့ သူသိလိုက်မိတာက ဒီကျောက် ဟိုရင်းကျောက်။

ဖြတ်ကနဲ့ ထယ်ယောင်းမျက်နှာကိုကြည့်လိုက်မိသည်။ ကြည်လင်နေတဲ့ထယ်ယောင်းမျက်နှာလှလှက မဲ့လာလေလျှင် ထိုကျောက်ကို ခါးစည်းအောက် သူပြန်ထားပြီး ထယ်ယောင်းပါးပြင်ကို ပွတ်သပ်မိသည်။ သူကိုယ်တိုင်က နာကျင်နေပေမယ့် ချစ်ရသူကို နာကျင်အောင်တော့မလုပ်ရက်။ ပြန်လည်ပေးဆပ်ဖို့က အချိန်မကျသေးသည်မို့ ထယ်ယောင်းနဖူးကို သူခပ်ဖွဖွလေး နမ်းလိုက်မိသည်။

" ကိုယ် မင်းကို သိပ်ချစ်တယ် ဟွာ ~~ "

ဟွာ လို့ သုံးနှုန်းမိတော့ သူ့နှလုံးခုန်နှုန်းတွေမြင့်တက်လာသည်။ တစ်စုံတစ်ခုက သူ့အသွေးအသားထဲကနေ ဆွဲထုတ်နေသလိုမျိုး နာကျင်လာလေလျှင် ချက်ချင်း ထကာ အဝတ်တွေပြန်ဝတ်လိုက်မိသည်။ အဲ့ဒီလိုပဲ တစ်ခုခုကို နာကျင်နေပုံရတဲ့ထယ်ယောင်း။ ရှေ့ဆက်ပြီး အတူတူနေဖို့မဖြစ်နိုင်တာ သိလေတော့ မဲ့နေတဲ့ချစ်ရသူရဲ့မျက်နှာကို ဝမ်းနည်းစွာကြည့်ကာ  တံခါးဝနားကို တဖြည်းဖြည်းချင်း ဆုတ်လိုက်မိသည်။ ဝေးလေ သက်သာလေဖြစ်တဲ့နာကျင်မှုက သူရော ယောင်းရော ခံစားရမယ်ဆိုတာ သူသိပါသည်။ ထို့ကြောင့် ထယ်ယောင်း မနိုးခင်မှာပဲ ခပ်မြန်မြန်လေး ပြေးထွက်ခဲ့မိတော့သည်။

THE IMMORTAL; BLUE BlOOD【Completed】Where stories live. Discover now