အပိုင်း - ၂၁ (ယူနီကုဒ်)

944 169 31
                                    

𝗕𝗹𝘂𝗲 𝗕𝗹𝗼𝗼𝗱

THE BEGINNING OF THE END
အပိုင်း ၂၁
**********

ရွှေလရောင် ဆက်သပွဲ ~~~

အေးချမ်းနေတဲ့ညတစ်ည ....

ကြည်လဲ့နေတဲ့ မျက်ဝန်းတစ်စုံက ကြေးမုံပြင်ထက်က အေးစက်ဝမ်းနည်းနေတဲ့မျက်နှာလှလှကိုသာ စိုက်ကြည့်မိသည်။ အနောက်က အထိန်းတော်ကြီးကတော့ သူ့ရဲ့ပြည့်စုံမှုကို ကျေနပ်ဝမ်းသာစွာ ကြည့်သည်။

" ကြင်ယာတော်ယူဂွမ် အဆင်သင့်ဖြစ်ပါပြီ ... "

ထိုစကားကို သူခေါင်းညိတ်ပြီး နောက်ဆုံးအနေနဲ့ သူ့မျက်နှာကို သူတစ်ချက်ကြည့်သည်။

" သွားရအောင် "

အမိန့်ပေးသံအဆုံးမှာ အထိန်းတော်ကြီးကသူ့ကိုဦးညွတ်သည်။အဆောင်တော်ထဲကနေသူထွက်တာနဲ့ ဆော့ဂျင်ကို သူတစ်ချက်ကြည့်တော့ ဆော့ဂျင်က ခေါင်းညိတ်သည်။ ထို့နောက် သူ့ဘေးနားက ထွက်သွားလေတော့ သူ ရဲမက်ဟွမ်ကိုကြည့်လိုက်မိသည်။ ရဲမက်ဟွမ်နဲ့သူ မျက်ဝန်းချင်းဆုံလေလျှင် မြင်လိုက်ရတဲ့အနာဂတ်အတွက် သူ ဝမ်းနည်းစွာပြုံးလိုက်မိသည်။ အဲ့ဒီ့နောက်မှာတော့ ပွဲကျင်းပရာ နန်းရင်ပြင်ကို ဦးတည်သွားမိတော့သည်။

စားသောက်ဖွယ်အစုံနဲ့ ခင်းကျင်းထားတဲ့ ဆက်သပွဲ။ အပြုံးတုတွေများစွာနဲ့ သူ့ကိုဆီးကြိုနေကြတဲ့အမတ်တွေ ... ။ အမတ်ချုပ်ကြီးလီကတော့ သူ့ကို အဓိပ္ပာယ်ပါပါကြည့်ပြီး နှုတ်ခွန်းဆက်သည်။သူကတော့ အသိအမှတ်ပြုဟန်နဲ့ သတ်မှတ်ထားတဲ့နေရာမှာ ဝင်နေလိုက်သည်။ အားလုံးနီးပါးစုံပြီဆိုမှ နောက်ဆုံး ထီးတော်မိုးပြီး ဝင်လာသူက သိပ်ချစ်ရပါတဲ့ အရှင်မင်းကြီး ဂီ ~~ ။ မျက်နှာတော်ကို တစ်ခဏမျှဖူးမြော်ပြီး သူခေါင်းငုံ့လိုက်မိသည်။ မိဘုရားမယ်မယ်ကတော့ ကျန်းမာရေးအကြောင်းပြချက်နဲ့ ဆက်သပွဲကိုမတက်ရောက်။

အရှင်မင်းကြီးကို ဦးညွတ်ပြီးနောက်မှာတော့ နေရာအသီးသီးဝင်ယူလိုက်သည်။ ဂီကတော့ သူ့ကို နည်းနည်းလေးတောင် စောင်းငဲ့ပြီး မကြည့်နေခဲ့။ထို့ကြောင့် သူ ရင်နာနာနဲ့ပြုံးရင်း ရိုးရာအရကျင်းပနေတဲ့ဆက်သပွဲဆီအကြည့်ရောက်သွားသည်။ မဟာကင်မျိုးနွယ်နဲ့ မတူစွာ အရောင်သွေးစုံလှတဲ့ ကြီးမှူးသူကို ကြည့်ရင်း ထယ်ယောင်း အိမ်ကို လွမ်းလာမိသည်။ ဖြူစင်ခြင်းကိုသာ ကိုယ်စားပြုတဲ့အိမ်! သူ တစ်ခါလောက်ဖြစ်ဖြစ် ပြန်သွားပြီး ခမည်းတော်နဲ့ မယ်တော်ကို ပြန်ဖူးမျှော်ချင်ပေမယ့် သူ့စိတ်တွေထဲမှာ မဖြစ်နိုင်တော့မှန်း သူသိသည်။

THE IMMORTAL; BLUE BlOOD【Completed】Where stories live. Discover now