အပိုင်း - ၀၅ / အပိုင္း - ၀၅

1.1K 241 19
                                    


⟨ Unicode ⟩
𝗕𝗹𝘂𝗲 𝗕𝗹𝗼𝗼𝗱

အပိုင်း ၀‌၅
**************


  " ကိုကို .. ဒဏ္ဏာရီတွေ ယုံလား "

" ဟင် "

မီးပုံထဲ မီးထည့်နေရင်းမေးလားတဲ့အငယ်လေးကြောင့် ထယ်ယောင်း ငါးကင်ကိုကြည့်နေရာက အကြည့်လွှဲလိုက်မိသည်။ ဂျောင်ကုကတော့ ပေါ့ပျက်ပျက်နဲ့ကလေးဆန်တယ်ထင်ရပေမဲ့ တကယ်တမ်းတော့ သူ့ထက် အများကြီးရင့်ကျက်ပြီးသိတတ်တဲ့သူတစ်ယောက်ပင်။ သူကသာ ‌နတ်ဘုရားတွေရဲ့စေလွှတ်ခံရသူလို့ ကင်ပွန်းတပ်ခံရတာကြောင့် ဟိတ်ဟန်နဲ့နေခဲ့ရတာဖြစ်ပြီး အစားအသောက်တွေတစ်ချို့နဲ့ ကစားဖို့ကလွဲရင် ကျန်တာ သိပ်စိတ်မဝင်စားပါ။

" ဒဏ္ဏာရီတွေယုံလားလို့ "

" ဒဏ္ဏာရီဆိုတာ ပုံပြင်ပဲ ~~ အဲ့ဒီ့တော့ မအိပ်ခင်နားထောင်ရတဲ့အရာတွေပဲပေါ့ "

ကျက်တော့မယ့် ငါးကင်တွေလှမ်းယူကာဖြေသည်မို့ ဂျောင်ကုမျက်မှောင်ကြုတ်သွားသည်။

" တော်တော်ကောင်းတဲ့ နတ်ဘုရားဝင်စားတဲ့လူပဲ!! ကြည့်ရတာ ဟိုဘဝမှာ ကိုကို့ကို နတ်ဘုရားတွေက အစားအသောက်ကောင်းကောင်းမကျွေးခဲ့ဘူးနဲ့ တူတယ်"

ထိုစကားကြောင့် ထယ်ယောင်း မျက်စောင်းထိုးကာ ဂျောင်ကုကို ခြေနဲ့ လှမ်းကန်မိသည်။ အစောင့်တွေက ခပ်လှမ်းလှမ်းမို့ လွတ်လပ်စွာ ပြုမူနေတဲ့ သူတို့ကိုမမြင်။

" မင်းကတော့ !!! နာတော့မယ်!! ခရီးအဝေးကြီးသွားရဦးမှာကို ပင်ပန်းတော့ ဗိုက်ဆာတာပေါ့ ... သူကဖြင့် မြင်းပေါ်ကနေ အသီးတွေ တစ်ခုပြီးတစ်ခုစားနေပြီးတော့ "

" ထားပါတော့ ... ကျွန်တော်ပြောချင်တာတောင်ပျောက်ပြီ "

" လေးလေးနက်နက်စကားတွေ သိပ်မပြောနဲ့ နားထောင်ပေးနိုင်တဲ့ အချိန်ကောင်းမဟုတ်ဘူး "

ငါးအရိုးတွေကို ကိုယ်တိုင်နွှင်ရင်းပြောလာတဲ့ ကြင်ယာတော်ကိုကြည့်ပြီး ဂျောင်ကုခေါင်းခါရင်း ဖြတ်ကနဲ့ ဆွဲယူလိုက်သည်။

THE IMMORTAL; BLUE BlOOD【Completed】Where stories live. Discover now