Unicoad
ကျနော်ပထမဆုံးလုပ်ရမယ့်အရာကတော့ ဦးကိုစွရမယ်..ဦးမကြိုက်တာတွေကြီးပဲရွေးလုပ်မယ်
ထိုသို့တွေးရင်းအိပ်ယာပေါ်ကနေ့ထကာရေချိုးခန်းသို့ဦးတည်ခဲ့သည်
စိုက်ကြိုက်ရေမိုးချိုးပြီးပြန်ထွက်လာကာ..ဦးအခန်းကိုသွားဖို့ချိန်ရွယ်ခဲ့သည်
မနက်ကအတိုင်း ဦးရဲ့အခန်းကို တံခါးမခေါက်ပဲဝင်လာတော့ ဦးက bathrope နှင့်ခေါင်းကိုသုတ်နေသည်
ရင်ဘတ်က ဟနေတာမို့ဦးရဲ့ ကြွက်သားတို့ကိုအတိုင်းသားမြင်နေရသည်
*Wow ခန္တာကိုယ်က အလန်းပါလား...ငါဖြင့်အဲ့လိုရှိချင်တာတောင်လူက ပိန်ပါးနေတုံး*
"မင်းကို ပြောမထားဖူးလား"
"ဘာကိုလဲ"
မိမိကလဲ bathropeနှင့်ပင် နောက်က ဘီရိုကိုမှီရင်း ခနဲ့သလိုပြောလိုက်တော့
ဦးကအနားကိုလျှောက်လာခဲ့သည်
ဇန ကြောင်သွားပြီးဘီရိုနှင့်ခေါင်းတောင်ထိမတတ် ကပ်သွားသည်
ဦးက ဇတ်ခနဲ လက်မောင်းကနေ့ကိုင်ကာ တစ်ဖတ်သို့ချပေးလိုက်သည်
မျက်လုံးတို့ကတော့အပြူးသားဖြစ်နေပြီ ဦးက ဒီလောက်တောင်အားသန်တာပဲလား
ဦးရဲ့လက်ချောင်းရှည်ရှည်လက်ဖဝါးကြီးကြီးတို့နှင့် လက်မောင်းကိုကိုင်မလိုက်တဲ့အချိန်မှာ ရင်တွေကထိန်းမရအောင်ခုန်နေသည်
ဦးက ဘီရိုထဲက အိမ်တွင်းဝတ် shirt အဖြူ ဘောင်းဘီအမဲ ကို ယူလိုက်သည်
ဦးက ကျနော့မျက်စိရှေ့မှာထင်အဝတ်တို့ကိုဝတ်ရန် bathropeကိုချွတ်တော့ကျနော် ကြောင်တောင်တောင်နဲ့အနောက်သို့လှဲ့လိုက်သည်
ဦးက အားလုံးဝတ်ပြီးတော့ ခုံမှာထိုင်ကာ ဆိုလာခဲ့သည်
"အရမ်းဆိုးတာပဲ"
"ဗျ.. ဗျာ"
"မင်းကို အပြစ်ပေးဖို့လိုနေပြီ"
"အယ်...ကျနော်ဘာအပြစ်လုပ်လို့လဲဗျ"
"Rule 1"