Unicoad
ကားတစ်စီးရောက်ရှိလာတာနှင့်နှိုင်းနှင့်ဝေယံအတူ တကွပေးထားတဲ့လိပ်စာအတိုင်းကားကိုမောင်းလာခဲ့လိုက်သည်။ ဝေးလွန်းတဲ့မြို့အစွန်ဖျားနားမှာရှိတဲ့ဂိုလ်ထောင်တစ်ခုတွင်ဖြစ်ပြီးတစ်လမ်းလုံးကတိတ်ဆိတ်ကြမ်းတမ်းလှသည်။
နှိုင်းသည် ဝေယံ ကားမောင်းနေရင်တစ်ချိန်လုံးဘာလုပ်ရမလဲတွေးတောနေပြီး တစ်ဦးတည်းသောချစ်သူလေးကို သူအရမ်းပင်စိတ်ပူနေပေသည်။
ခဏနေတော့တည်နေရာကိုရောက်ရှိလာပြီးကားပေါ်ကနေ့နှိုင်းဆင်းလာခဲ့လိုက်သည်။ ဝေယံလဲလိုက်ဆင်းလာခဲ့သည်။
"ဝေယံ မင်းနေခဲ့ရမယ် "
"Boss ရန်သူတောထဲလေ တစ်ယောက်ထဲ ဖြစ်မလား"
"ဖြစ်တယ်"
တည်ငြိမ်စွာတစ်လုံးထဲပြောပြီး အထဲသို့ဝင်လာခဲ့သည်နှင့် ဦးမဂ္ဂရဲ့လူတွေနှင့်စတွေ့တော့သည်။
"ငယ်ဘယ်မှာလဲ!"
"လိုက်ခဲ့"
ထိုလူတွေနောက်လိုက်သွားပြီးတာနှင့်ဦးမဂ္ဂထိုင်နေတဲ့အခန်းဆီသို်ရောက်လာခဲ့သည်။ ဘေးမှာလဲသံကြိုးအထပ်ထပ်နဲ့ချုပ်ထားခံရတဲ့ သတိမေ့နေတဲ့ငယ်အားမြင်လိုက်ရသည်။
"ခင်ဗျားသူ့ကိုကြိုးဖြေပေး ပြီးရင်ခင်ဗျားလိုချင်တဲ့အရာကျုပ်ပေးမယ်"
"ဒါတော့ဘယ်ရမလဲ မင်းအညံ့အရင်ခံစမ်းပါဟားဟား"
"ကျစ်!"
တိုက်တိုက်ဆိုင်ဆိုင်ထိုအချိန်ကျမှသတိရလာတဲ့ ဇနကမှုံဝါးဝါး နှင့် ခေါင်းမှသွေးစီးကျနေသော နှိုင်းအားမြင်လိုက်ရသည်။
တိုးလျှသောအသံလေးနှင့်ဇနရဲ့နှုတ်ခမ်းလေးမှခေါ်သံလေးထွက်လာခဲ့သည်။
"ဦး~"
ထိုအသံကြားတာနဲ့ဦးမဂ္ဂပါးစပ်မှ
"ဟက်! နှိုင်းဝန မင်းရဲ့တန်ဖိုးထားရာလေးက ဦးးတဲ့ ဟားဟား ရွံဖို့ကောင်းလိုက်တဲ့ဟာလေးတွေကွာ "
ဇနကလဲနှိုင်းကိုသာလှမ်းကြည့်နေခါ
"ဦးထွက်သွားပါ ဒီနေရာကနေအဝေးကြီးကိုထွက်သွားပြီးငယ့်ကိုစွန့်လွှတ်လိုက်ပါ"