part40

2K 58 7
                                    

Unicoad

မှောင်ဂိုဏ်း တစ်ခု အနက်ပြင်ပစီးပွားရေးမှာ နှိုင်းဝနကိုရှုံးခဲ့ရုံသာမက ဥပဒေနှင့်မညီညွှတ်တဲ့အမှောင်လုပ်ငမ်းမှာရောအရှုံးပေါ်နေခဲ့တဲ့ဦးအဂ္ဂဂုဏ် တစ်ယောက် ဒေါသအကြီးအကျယ်ထွက်လို့နေပြီ။

"သားဂုဏ်မာန်!!!"

အဖေဖြစ်သူရဲ့ခေါ်သံကြားတာနှင့်ရောက်ရာနေရာကနေ့အဖေရှိရာအနားအမြန်ပြေးသွားလိုပ်ပြီးအဖေဖြစ်သူရှေ့ရပ်လိုက်သည်။

"သားရောက်ပါပြီ အဖေ"

ဦးအဂ္ဂဂုဏ် ဓာတ်ပုံတစ်ခုထုပ်ပေးလိုက်ပြီး ဂုဏ်မာန်ကိုစိုက်ကြည့်ကာပြောလိုက်သည်။

"ဒီကောင်နဲ့ မင်းတစ်တန်းထဲမဟုတ်လား?"

ဓာတ်ပုံကိုသေချာကြည့်လိုက်ပြီးနောက် အနည်းငယ်ပြုံးကာအဖေဖြစ်သူကိုကြည့်ပြောလိုက်သည်။

"ဟုတ်တယ်အဖေ..သူ့ကိုသားစောင့်ကြည့်ထားပါတယ် မနေ့ကပဲသူနဲ့uniမှာ တွေ့ပါတယ် ခဏပဲစကားပြောလိုက်ရတယ် နှိုင်းဝနဆိုတဲ့လူပေါ်လာပြီး သူ့ကိုခေါ်သွားတယ် ငယ်လို့လဲခေါ်လိုက်တာကြားတယ် ကောလဟာလတွေအရတော့သူက နှိုင်းဝနရဲ့သက်ဆိုင်သူ မွေးပြီးစားထားတယ်ဆိုပြီးကြားထားပါတယ်"

အဖေဖြစ်သူသည်ထိုစကားကိုကြား၍ ဟားတိုက်ရယ်မောနေလိုက်ပြီးလှောင်ပြောင်လိုက်သည်။

"ဟားဟားဟား..ဟားဟား...တော်တော်ရွံစရာကောင်းတာပဲယောကျာ်းချင်းကြီး..ဟားဟား..ငါ့သားမင်းတော်တယ်ကွာ..အဲ့ကောင်လေးကအဖေတို့ရဲ့ပစ်မှတ်ပဲငါ့သား "

တော်သည်ဟု ချီးကျူးခံရသည်ကိုဂုဏ်မာန်တစ်ဦးကျေနပ်နေမိပြီး ဒီ့ထပ် ချီးကျူးမှု့တွေအများကြီးရချင်တာမလို့ အမှားမှန်းမသိ၍လဲ ဂုဏ်မာန်စုံလုံးကန်းလေအုံးမည်။

.
.
.
.
-မနက်ခင်း၌ ဦးနှိုင်းဝနရဲ့ရင်ခွင်ကြီးထဲမှာမှေးစက်အိပ်နေတဲ့ကောင်ငယ်လေး ဇနသော်တာ သည်ပြတင်းပေါက် မှ နေရောင်ခြည်လေးမျက်နှာပြင်ပေါ်သို့ကျရောက်လာသည်နှင့်မျက် မှောင်တို့တွန့်ချိုးပြီး နိုးလာခဲ့ပြီး နောက် မိမိမျက် နှာကိုတယုတယကြည့်နေသောဦးကိုချက်ချင်းမြင်တို့လိုက်ပြီးအမြင်အာရုံတို့ကျယ်သွားကာ နေထွက်နေပြီဖြစ်တဲ့မနက်ခင်းက မစောတော့ဘူးဆိုတာသူသိလိုက်ပြီး ချက်ချင်းဆိုသလို အမြန်ပင်ထကာ ဦးနှိုင်းဝနအားပြူးကြောင်ကြောင်လေးကြည့်လိုက်ပေ သည်။

Uncle And Me (House Slave Season3)Where stories live. Discover now