Unicoad
အိမ်သို့ပြန်ရောက်လာကြပြီးနောက် ကားပေါ်ကနေ နှိုင်းအရင်ဆင်းလိုက်ကာ တစ်ဖတ်ကိုသွားပြီးကားတံခါးဖွင့်ပေး၍ ဇနကိုပွေ့ချီလိုက်ပြီး အပေါ်ထပ် ဇနနှင့်နှိုင်းတို့နှစ်ယောက်ရဲ့အခန်းကိုခေါ်လာခဲ့လိုက်သည်။
"ဦး ကျွန်တော် ပင်ပန်းလာပြီ အိပ်ချင်တယ်"
အချီခံရင်းနှင့်ဇန ငိုက်လာပြီး နှိုင်းကိုမော့ကြည့်ကာပြောလာခဲ့သည်။
"အင်း ရေချိုးပြီးအိပ်လိုက် ညနေစာအချိန်ကျရင်ကိုယ်မင်းကိုနှိုးလိုက် မယ်"
"ဟုတ်ကဲ့ဦး"
ဇန သန်းဝေ နေပြီး နှိုင်းရဲ့ရင်ခွင်ထဲမှာပဲ မှေးစက်နေလိုက်သည်။
ခနနေတော့အခန်းထဲရောက်လာပြီးကုတင်ပေါ်တင်ပေးလိုက်၍ ဇနရဲ့အဝတ်တွေကိုချွတ်ပေးပြီးရေချိုးခန်းထဲသို့ခေါ်သွားကာ bathtube ထဲသို့ထည့်ပေး၍ တိုက်ချွတ်ကာရေချိုးပေးနေ။
"နေလို့ကောင်းလိုက်တာ ဦး .."
"အင်း"
နှိုင်း ဇိမ်ခံနေတဲ့ဇနကိုကြည့်လိုက်သည်။
"ငယ်လေ ဗိုက်လဲဆာတယ် အိပ်လဲအိပ်ချင်တယ် ဘယ်လိုလုပ်ရမလဲ"
နှိုင်းပြုံးလိုက်ပြီး ဇနရဲ့ပါးပြင်လေးကိုကိုင်ကာကြည့်လိုက်သည်။
"ဗိုက်ပြည့်နိုင်မယ့်အစားအစာတစ်ခုခုကိုယ်လုပ်ပေးမယ်အဲ့တာစားပြီးအိပ်လိုက်တော့ နောက်ပြီးအားမွေးထား အပြစ်ပေးစရာရှိတယ်ကောင်ဆိုးလေး"
ဇန အောက်နှုတ်ခမ်းကိုကိုက်ပြီး နှိုင်းကိုကြည့်လိုက်ကာ နှုတ်ခမ်းလေးကပြန်စူသွားပြီးစိတ်ကောင်ဟန်ဖြစ်နေသည်။
"မျက်နှာလေးက ဒီလိုဖြစ်မနေနဲ့ အပြစ်လုပ်ရင်အပြစ်ခံရမှာပေါ့ဟုတ်တယ်မလား?"
ဇနဘာမှမပြောပဲခေါင်းလေးပဲငြိမ့်လိုက်လေသည်။
နှိုင်း မီးဖိုချောင်ဘက်ဝင်သွားပြီ ဇနအတွက်ကိုယ်တိုင်ချက်ပြုပ်ပေးခဲ့ပြီးနောက်.. နှစ်ယောက်အတူ အစားစားလိုက်ကြပြီး နောက် ဇနလေးလဲ ပင်ပန်းလွန်ပြီးအိပ်ပျော်သွားလေသည်။