part37

2.5K 134 22
                                    

Unicoad

ဒီနေ့ဦးကအလုပ်ကိစ္စရှိလို့ ခရီးထွက်တာ ၂ရက်လောက်နေမှပြန်လာမယ်တဲ့ ဒီတော့ အဟဲဟဲ ဇနသော်တာကဲမယ့်အချိန်ရောက်လို့လာပါပြီ။

ဦးကအပြင်မထွက်ဖို့မှာခဲ့တာကြောင့်အိမ်မှာပဲသူငယ်ချင်းတွေခေါ်ပြီးသောင်းကြမ်းပြစ်ဖို့ ကြံစည်လိုက်ပြီး သူငယ်ချင်းတွေကိုဖုန်းဆက်ခေါ်လိုက်မယ်။

"Hello ငမဲရေ င​ရွှေကိုခေါ်ပြီး အိမ်လာကွာ အိမ်မှာ ငါတို့ပျော်ပါးကြမယ်"

"ဟာမင်းဘဲ ကြီးနဲ့ရလို့လားဟ"

"ဘာလို့မရရမှာလဲကွသူအိမ်မှာမရှိဘူးလာစမ်းပါကွာ..အော်ဒါနဲ့ အရက်အကောင်းစားတွေဝယ်ခဲ့အုံးနော်ဟျောင့်"

"အေးပါကွာ"

"အေးအေးဒါပဲ"

ဖုန်းချလိုက်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ အစောင့်တွေ မရှိတဲ့နောက်ဖေးတံခါးဝမှာသူငယ်ချင်းတွေကိုထိုင်စောင့်နေလိုက်တယ်။
တစ်အောင့်ကြာတော့ ငမဲတို့ငရွှေတို့ရောက်လာကြပြီး နောက်ဖေးဘက်ကနေ့ဝင်လာတော့ သည်။

"ဟျောင့်တွေလာလာ အထဲအမြန်ဝင်"

"အေးအေး"

သုံးယောက်သားအုပ်စုလိုက်အပေါ်ဆုံးထပ်ကိုတတ်သွားပြီးပါလာတဲ့ အရက်နဲ့အမြည်းတွေ ရယ် ချကာ bluetooth music boxကြီးကိုလဲချလိုက်သည်။

သုံးယောက်သားသီချင်းတွေဖွင့်ပြီးမြူးတူးပျော်ပါးပြီး အရက်တွေကို ပုံမှန်ထပ်ပိုသောက်ခဲ့ ကြတယ်။

ညအချိန်ထိဒွန့်လို့မပြီးနိုင်တဲ့သုံးယောက် လဲ ကြာတော့ပင်ပန်းပြီးအိပ်ပျော်သွားကြတယ်။

.
.
.တစ်ဖတ်မှာတော့နှိုင်းသည်
အလုပ်ကိစ္စက ဖျတ်လိုက်တာကြောင့်မလို့ ညပိုင်းမှာအိမ်ပြန်ရောက်လာခဲ့သည်။ အစေခံတွေက နှုိင်းရောက်လာတော့ဘာမှမပြောကြပဲ ဟိုတို့ဒီတို့လုပ်နေပြီးတစ်ခုခုကိုမပြောရဲပုံရသည်။

"ဘာဖြစ်ကြတာလဲ ငယ်ရော?"

"ဟိုလေ သခင်ကြီး...သခင်လေးကသူ့သူငယ်ချင်းတွေခေါ်ပြီးအပေါ်ထပ်မှာ သောက်စားနေပါတယ်"

Uncle And Me (House Slave Season3)Where stories live. Discover now