part21

5K 262 22
                                    

Unicoad

နှုိင်းဝန အလုပ်တွေအားလုံးပြီးသည်နှင့်ဘေးနားမှဒူးထောက်နေတဲ့ကောင်လေးအား ကြည့်တောင်မကြည့်ပဲ စာဖတ်အခန်းကနေ့ထွက်မယ်လုပ်တော့ ဒူးထောက်ကာ ရှုိက်၍ငိုနေသော ဇန လည်း လိုက်ထတော့ ၃နာရီလောက်ထောက်ထားတဲ့ဒူးက ထဖို့အရမ်းခဲရင်းသည် နာသည်သို့ပေမယ့် ထော့နဲ့ထော့နဲ့ဖြင့် မရ ရအောင်ထကာ အခန်းထဲကထွက်တော့မည့်နှိုင်းဝနရဲ့လက်အား ဆွဲ လိုက်သည်

နှုိင်းဝန သည့်သူ့လက်အားဆွဲထားတဲ့ ဇနအား လှည့်ကြည့်ပြီး စကားမပြောပဲလက်ကိုရုံးတော့ အတင်းဆုပ်ကိုင်ထားတဲ့လက်သေးသေးလေးတွေက အားမလျှော့

ရှုိက်သံတစ်သဲ့သဲ့နှင့်  ပါးစပ်သေးသေးလေးမှအသံလေးထွက်လာခဲ့သည်

"ဦး....တောင်းပန်ပါတယ် နော်..စကားပြန်ပြောလေနော် ဦး..ငယ့်ကိုပစ်မထားပါနဲ့ နော်~"

သာသာယာယာအသံလေးကိုရှိုက်သံတို့တစ်အိအိနှင့် ပံ့ပိုးထား တာကြောင့် ဇနသော်တာဟာ အရမ်းကိုသနားစရာကောင်းနေသည်

သို့ပေမယ့် နှုိင်းဝန နည်းနည်းလေးမှ မျက်နှာemojiမပြောင်းပေ နောက်လက်တစ်ဖတ်ကိုသုံးပြီး လက်ကိုဖြုတ်ချလိုက်သည်

ထို့နောက် ဖြုတ်ချ ခံခဲ့ရတဲ့ကောင်လေးဟာ အသံတိတ်ငို လျှက်

အခန်းထဲကနေ့ ထွက်သွားတဲ့ဦးက နောက်တောင်လှည့်မကြည့်ခဲ့ပေ

ကြမ်းပြင်ပေါ်သို့ထိုင်ချလိုက်ပြီး အားကုန်ထုတ် ငိုတော့သည်

တံခါးအပြင်ဘက်က နှုိင်းဝနဟာထိုအခန်းရှေ့ကထွက်မသွားသေးပဲ တံခါးကို ကိုင်ကာ

*အရမ်းဆိုတာပဲငယ် ကိုယ့်ဆုံးမစကားတွေကို မလိုက်နာတဲ့ မင်းအတွက်ပြစ်ဒဏ်ကို ခံစားလိုက်ပါအုံး နောက် တစ်ပတ်လောက်နေမှ ကိုယ်မင်းကိုစကားပြောမယ် ကလေးလေး မဟုတ်ရင် ကလေးလေးကပေါ့ပြတ်နေအုံးမှာ*

တံခါးရှေ့ကနေ့ထွက်သွားပြီး အိပ်ခန်းအတွင်းသို့ဝင်ကာ ရေမိုးချိုးအိပ်ယာဝင်တော့သည်

*အခုချိန်ထိအခန်းပြန်မလာသေးဘူးငယ်တော့( ကျစ်!) အေးနေတော့မှာပဲ*

Uncle And Me (House Slave Season3)Where stories live. Discover now