Unicoad
ညနေခင်းအတန်းဆင်းတော့ ဇနသည် မနက်က ဦးလိုက်ပို့သည့်နေရာအတိုင်းမက်တပ်ရပ်စောင့်နေပြီး ငမဲနှင့်ငရွှေသည်လဲ လိုက်စောင့်မပေးနိုင်လို့အိမ်ပြန်သွားကြ ပြီ တစ်အောင့်နေတော့ ဦးရဲ့ကားဟာ ဇနရှေ့သို့ရောက်ရှိလာခဲ့သည် ဇနသည် ပြုံးရယ်ပြီး ကားထဲကထွက်လာသော ဦးနှိုင်းကိုပြေးကာဖတ်လိုက်သည်
နှုိင်းလဲ ပြန်ဖတ်ထားလိုက်ပြီး လွှတ်ပေး၍တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ နှုတ်ခမ်းတို့ကို အတူ အနမ်းပေးကြသည်
"တော်တယ် ငယ် ဒီနေ့ပြောစကားနားထောင်သားပဲ "
"ဟီး..ပြောပါတယ် လိမ္မာပါ့မယ်ဆို"
"အင်းနေ့တိုင်းဒီလိုပဲ ဖြစ်နေရမယ်"
"ဟုတ်ကဲ့ပါဗျ"
နှုိင်းက ပြုံးပြ ပြီးကားတံခါးကိုဖွင့်လိုက်သည်
ဇနလဲကားထဲကိုဝင်လိုက်ပြီးခါးပတ်တပ်နေတုံး နှုိင်းက ကားတံခါးကိုပြန်ပိတ်လိုက်ပြီး driver ဘက်က တံခါးကိုဖွင့်၍ ဝင်ထိုင်လိုက်သည်ထို့နောက် အိမ်သို့ ပြန်လာခဲ့ ကြတော့သည်
အခန်းထဲတွင် ဇနသည် ကိုယ်ပေါ်က တစ်နေ့တာကအညစ်အကျေးတွေကိုရေချိုးသန့်ဇင်ပြီးနောက်ထမင်းစားခန်း ထဲသို့ဆင်းလာခဲ့သည်နှုိင်းသည် ကိုယ်တိုင်ပြင်ထားတဲ့ အမဲသား stake အား ဇန ရဲ့ရှေ့ကို တစ်ပန်းကန် နှုိင်းရဲ့နေရာမှာတစ်ပန်းကန် ချထားပြီးဝိုင်နီတွေကိုလဲ ဖန်ခွပ်ထဲသို့ထည့်လိုက်သည်
နှုိင်းသည် ဇနဘေးနားဝင်ထိုင်ပြီး stakeကို လှီးပေးကာ ဇနနေရာသို့ပြန်ထားပေးလိုက်သည်
"ဦး ဒီနေ့က ဘာနေ့မလို့လဲ"
"ကိုယ့်မွေးနေ့"
ဇန မျက်လုံးလေးလတ်သွားပြီး ဦးရဲ့ လက်ကို ကိုင်ကာ
"ဦး..အရင် နှစ်တွေကလဲဒီနေ့ကိုကျော်သွားမိတယ် ငယ် မမေးမိခဲ့လို့တောင်းပန်ပါတယ်"
နှုိင်းသည် ပြုံးလိုက်ပြီး
"ရပါတယ် ကိုယ်ကလဲမပြောပြမိခဲ့တာ ပါ ငယ့်အပြစ်မဟုတ်ပါဘူး "