part 38

2.4K 108 7
                                    

Unicoad

စီးပွားရေးပြိုင်ဘက်...

အင်းဟုတ်တယ် စီးပွားရေးပြိုင်ဘက်တွေဆိုတာရှိတယ်။ ရိုးရိုးသားသားယှဥ်ပြိုင်ကြတဲ့သူရော။ ယုတ်မာတဲ့နည်းလမ်းနဲ့ယှဥ်ပြိုင်ကြတဲ့သူတွေရော။ ကိုယ်ကမပြိုင်သော်လဲ လို်က်ပြိုင်တတ်တဲ့လူတွေရော ရှိတယ် မရရင်တော့လုပ်ကြံပြီး ကိုယ့်ထပ် အခြေအနေကောင်းတဲ့သူတွေကိုဖိက်စီးချင်ကြတယ်။

မမှားပါဘူး နှိုင်းလို top 1 CEO မျိုးဟာလဲ ဒီလိုတွေမကင်းပါဘူး။
ဒါကြောင့် နှိုင်းရဲ့အားနည်းချက်တစ်ခုဖြစ်တဲ့ ဇနသော်တာလေး ကို ပါပစ်မှတ်အနေနှင့်ထားသည့်ရန်သူတွေပင်အများကြီးရှိပေမည်။

အိမ်တော်ကြီးရဲ့မနက်စာထမင်းဝိုင်းအတွင်း မနက်စာစားပြီးသည်နှင့် နှိုင်းသည် အနက်ရောင်ဝမ်းဆက်နှင့်မျက်မှန်တပ်ထားတဲ့ လူအချို့ကို အနားခေါ်လိုက်ပြီး အမိန့်ပေးလေသည်။ အနားတွင် ဇနလဲရှိနေသည်။

"မင်းတို့တွေဒီနေ့ကစပြီး ကိုယ့်ရဲ့ အိမ်သူ ဇနသော်တာကိုတစ်ရက် မပျက်ပဲအနားကနေ့စောင့်ရှောက်ရမယ် "

"ဟုတ်ကဲ့ boss"

သူ့အား ဒီလို bodygard တွေနှင့်ထားမယ့်ဦးကြောင့် အံ့ဩကာထိုင်ရာကနေ့ထလိုက်ပြီး

"ဗျာ! ဦး..အခုလိုကြီး bodygard အများကြီးနဲ့ ငယ်မနေတတ်ဘူးနော်! ငယ်မဟုတ်တာလဲလုပ်နေတာမဟုတ်ပဲနဲ့ဗျာ"

နှုိင်းဝဏလဲ ဇနအားစိုက်ကြည့်ကာ

"ငယ်ရွေးလေ ဒီအိမ်ကြီးထဲမှာပဲဘယ်မှာမထွက်ရပဲနေမလား uniကို bodygard တွေနဲ့သွားမလား"

ချက်ချင်းပင် ဇနလဲတုံန့်ပြန်လိုက်သည်။

"ဘယ်အရာမှမရွေးဘူး!"

နှိုင်းဝဏ သည်ဇနကိုသေချာစိုက်ကြည့်ကာ မျက် မှောင်ကျုံ့လိုက်ပြီး အသံမာမာဖြင့်ပြောလိုက်။

"အခုမင်း ကိုယ့်ကိုအော်နေတာလား? ဟမ်? နောက်ပြီးကိုယ့်အမိန့်ကိုမနာခံတာလား ဇနသော်တာ!"

နှိုင်းရဲ့ထို သို့မာထန်နေတဲ့အသံကြောင့်ရော နာမည်အပြည့်အစုံခေါ်ခံလိုက်ရတဲ့အတွက်ပါအနည်းငယ်လန့်သွားပြီးခုံပေါ်ပြန်ထိုင်လို​က်ကာ သက်ပြင်းချလိုက်သည်။

Uncle And Me (House Slave Season3)Where stories live. Discover now