Pain or Luv

2.1K 161 0
                                    

"Do Soo!! Park Chan Yeol!! မင်း တို့ နှစ်ယောက်.........!!!"

JongIn မျက်လုံး မှ မျက် ရည် တစ်စက် ကျသွားခဲ့သည်။

*Aish.........Kim Jong In, မင်း ဘာလို့ မျက် ရည် ကျရ ပြန်တာလဲ? ယောက်ျား ဖြစ်ပြီး ဒါလေး တောင် တောင့်မခံ နိုင် ဘူးလား? မင်း ကို Do Soo က တောင် မှ အရှက်မရှိ ဘူးလား လို့ပြောသွားပြီလေ။ Kim Jong In, မင်း မ ပျော့ညံ့နဲ့!!*

Soo Yeol ရဲ့ရင် ခွင် မှာ ငိုနေ လိုက်တာ အချိန် တောင် ဘယ်လောက် ကြာသွားမှန်း မသိတော့ဘူး။ အသိ စိတ်ပြန်ဝင် တော့မှပဲ Yeol ရင် ခွင် ထဲက နေ မျက်နှာကို ခွာလိုက်တော့ တယ်။ Yeol က တော့ Soo ကို သွားကြရ အောင် ဆိုတဲ့ မျက်လုံး လေးနဲ့ Soo ကို ကြည့်လိုက်တယ်။ ပြီးတော့ ကားထဲ ကို ဝင် သွားတယ်။ Soo လည်း ကားပေါ် ကို တက်လိုက်တယ်။ Soo တို့ ကားပေါ် မှာတော့ တိတ်ဆိတ်မှု ကြီး ကြီးစိုး နေတာပေါ့။ ဒါပေမဲ့ ဒီ တိတ်ဆိတ်မှု ကြီးကို Soo က စတင် ပြီး ဖြိုခွဲ လိုက်ပါတော့ တယ်။

"Yeol"

"ပြောလေ,Soo"

"မနက်ဖြန်လေ........."

"အင်း"

"မနက်ဖြန် ငါ့ကို တစ်နေရာ ကို လိုက်ပို့ ပေးပါ။"

" ဘယ်ကိုလဲ"

"ပညာ တော်သင် ဆိုတာ က ကော ဘယ်တော့ သွားမှာလဲ"

"သန်ဘက်ခါ"

"ဒါဆို မနက်ဖြန် Korea မှာ ငါ နောက်ဆုံး လုပ်ချင် တဲ့ ဆန္ဒလေး ကို ဖြည့်စည်းပေးပါ။ နင် လက်မခံ မှာ သိပေမဲ့ လည်း နောက်ဆုံး တစ်ခေါက် အ နေနဲ့ပဲ ငါ တောင်းဆို ချင် ပါတယ်။"

"ပြောကြည့်လေ"

"နင် ဒေါသ တော့ မထွက်နဲ့နော်"

"အင်း"

"ငါ omunyi ရဲ့ ရက်လည် ဇာပန ကို သွားချင် တယ်။"

ကျွီ.....................

Yeol, Soo ရဲ့ စကား အဆုံးမှာ ကားကို လမ်းဘေး တစ်နေ ရာမှာ ကားကို ရပ်ပစ်လိုက်သည်။ ပြီးတော့ မှာ Soo မျက်နှာကို တစ်ချက် ကြည့်လိုက်သည်။

"Soo, နင် ဒီလို လုပ်တာ ကိုယ့်သေတွင်း ကိုယ်တူးနေမှန်း သိလား? JongIn က ကိစ္စ မရှိဘူး။ ဟို လူကြီး Kim Young Min ကို နင် ဘယ်လို လုပ်မှာလဲ? နင် သူ့ကို တွေ့ရမှာနော်။ ပြီးတော့ JongIn က ကော နင့်ကို လက်ခံ မယ် ထင် လို့လား?"

Repayment For LoveWhere stories live. Discover now